စစ်ကောင်စီယာဉ်တန်းကို KIA ဖြတ်တိုက်၊ ၉ ဦးသေ၊ ဒဏ်ရာရရှိသူများပြား။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်ကျေးရွာအုပ်စု ဖာခစ်ရွာအလွန်တွင် စစ်ကောင်စီ ယာဉ်တန်းကို KIA တို့ ယနေ့ ဇူလိုင်လ ၁၆ ရက် မွန်းလွဲပိုင်း ၁ နာရီအချိန်၌ အသင့်စောင့်​ကြို တိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။ စစ်ကား ၈ စီးပါသော စစ်ယာဉ်တန်းကို KIA တပ်ရင်း (၉) တပ်ဖွဲ့တို့က ဖာခစ်ရွာအလွန်တွင်စောင့်​ကြို တိုက်ခိုက်ခြင်းဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်က 7Stars News ကို ပြောသည်။

 
"စစ်ကား ၈ စီးက နမ့်ဖတ်ကာကနေ ကွက်ခိုင်ဘက်ကိုဦးတည်လာတာပါ။ ကား ၈ စီးလုံးမှာ စစ်သားတွေ အပြည့်တင်ထားတယ်။ ကား ၈ စီး ထဲက နောက်ဆုံး တစ်စီးကို တိုက်ခိုက် ကြတာပါ။ RPG နဲ့ ပစ်တာ စစ်သားတွေကို တင်ထားတဲ့ နောက်တွဲထဲကို တည့်တည့်ထိမှန် သွားတယ်။ ကားက ဒီတိုင်းဆက်မောင်း သွားတယ်။ KIA တွေ နောက်ကနေ သေနတ် အသေးတွေနဲ့ လိုက်ပစ်သေးတာ။ ရှုခင်း သာရောက်မှ ကားကိုရပ်နားတယ်။ ရှုခင်းသာမှာက စစ်ကောင် စီတပ်စခန်း ရှိတယ်လေ။ ကားရပ် နားပြီး သေသွားတဲ့ စစ်သားအလောင်းတွေကို ကားအဖြူ တစ်စီးမှာ ဆွဲထည့်ကြတယ်။ သေ တဲ့စစ်သားအားလုံး ၉ ယောက်ရှိတယ်။ ကား ပေါ်ကျန်တဲ့ စစ်သားတွေအားလုံး ဒဏ်ရာ ကိုယ်စီနဲ့။ တစ်ချို့ ဒဏ်ရာပြင်းတဲ့သူတွေ လည်းပါတယ်။ ဒဏ်ရာရတဲ့ လူတွေကို အဲ့ဒီ ရှုခင်းသာမှာပဲ ဆေးထည့်ပေး၊ ဒဏ်ရာကိုစည်းပေး နဲ့ ၂ နာရီလောက်ရပ်နာပြီးဆေး ကု နေကြတယ်။ ညနေ ၃ နာရီခွဲလောက်ကျမှ ဒဏ် ရာရတဲ့ လူတွေအားလုံးကို ကားပေါ်တင်ပြီး ကွက်ခိုင်ဘက် ပြန်ထွက်သွားတာတွေ့တယ်။ အလောင်းတင်တာက ကားအဖြူနဲ့ တင်တာ။ တစ်ခုရှိတာက ရှေ့ကကား ၇ စီးက လုံးဝကို မစောင့်ဘူး။ ပစ်ခံရတဲ့ကား တစ်စီးတည်းကိုပဲ ထားခဲ့တာ။” ဟု ဆိုသည်။
 
စစ်ယဉ်တန်းကိုပစ်ခတ်နေစဉ်မှာပင် KIA တပ်ရင်း ၂၉ တပ်ဖွဲ့ နှင့် လမ်းလုံခြုံရေးယူပေး သောစစ်ကောင်စီ စစ်ကြောင်းတို့ ရှုခင်းသာ အဆင်းတွင် အပြန်အလှန်ပစ်ခတ် တိုက်ခိုက် နေကြကြောင်း အထက်ပါ သတင်း ရင်းမြစ်က ဆက်လက်ပြောဆိုသည်။
 
"တပ်ရင်း ၉ အဖွဲ့တွေက ယာဉ်တန်းကို တိုက်ခိုက်တယ်။ တပ်ရင်း ၂၉ အဖွဲ့တွေက ယာဉ်တန်းကို လုံခြုံရေးယူ ပေးတဲ့ စစ်ကြောင်းနဲ့ တောထဲ ထိပ် တိုက်ရင်ဆိုင်တိုးမိလို့ အပြန်အလှန် ပစ်ခတ်ကြတယ်။ တစ်နာရီကြာ လောက် အပြန်အလှန်ပစ်ကြပြီးနောက် အသံတွေ ငြိမ်သွားတယ်။ နှစ်ဘက် ထိခိုက်ကျဆုံးတဲ့ အခြေအနေတွေ ကိုတော့ မသိရသေးဘူး။” ဟု ဆိုသည်။ယမန်နေ့ညတွင်လည်း KIA တပ်ရင်း ၉ တပ်ဖွဲ့ တို့ ဖာခစ်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဝင် ရောက်တိုက်ခိုက်မှု ရှိခဲ့သည်။
 
ဓာတ်ပုံ။ ။ တိုက်ပွဲဖြစ်ပွားရာ နေရာပြ မြေပုံ။

Post a Comment

0 Comments