ဟန်ကိုင်တောင်စစ်ကောင်စီစခန်းကို KIA တို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်။


    ကချင်ပြည်နယ် ဗန််းမော်မြို့နယ် ဒေါ့ဖုန်းယာန် မြို့ အနီး ဟန်ကိုင်တောင်စခန်းကို KIA တို့ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန် တွင် လက်နက်ကြီးများ၊ ဒရုန်းများနှင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
KIO/KIA ဌာနချုပ် လိုင်ဇာဘက်သို့ ဟန်ကိုင်ဘွမ် စခန်းမှနေ၍ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်လေ့ ရှိသောကြောင့် KIA တို့ ဒရုန်း နှင့် လက်နက် ကြီးများဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ် ကြောင်း မြေပြင် သတင်း ရင်းမြစ်က 7Stars News ကို ပြောသည်။
 
"စစ်ကောင်စီဘက်က ဒေါ့ဖန်းယာန်အနီး ဟန်ကိုင်ဘွမ်စခန်းကနေပြီး ဌာနချုပ်လိုင်ဇာဘက်ကို လက် နက်ကြီး တွေနဲ့ ရမ်းပစ်တာတွေ အရမ်းများ နေပြီ။ ဒါကြောင့် ဒီညမှာ KIA ဘက် ၆၀ မမ၊ ၈၀ မမ၊ မမ၊ ၁၀၇ မမဒုံးများ ကို သုံးပြီး တိုက်ခိုက်တယ်။ မြေပြင် အခြေအနေက ဘယ်လိုရှိလဲမသိရသေးဘူး။အဓိက ကတော့အဲ့ဒီတောင် မှာ ထားတဲ့ လက်နက်ကြီးတွေ ပျက်စီးဖို့ ရည်ရွယ်ပြီး KIA ဘက်က သွားတိုက်တာပါ။” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ဟန်ကိုင်ဘွမ်တင်မက ခယာ ဘွမ်၊ ဖွန်​ပြန်ဘွမ် နှင့် အခြားသော မဟာ ဗျူဟာကျ တောင်များမှနေ၍ လိုင်ဇာအနီးဝန်း ကျင်သို့ နေ့စဉ် လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်လေ့ရှိသည်။

Post a Comment

0 Comments