မူဆယ်နာရီစင်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ ယဉ်ထိန်းရဲ ၁ ဦး နှင့် ပြည်သူ့စစ် ၁ ဦး ဒဏ်ရာပြင်းထန်။


မူဆယ်မြို့ လူစည်ကားရာ နာရီစင်အနီးရှိ ယဉ်ထိန်းရဲကင်းတွင် ယနေ့နေ့ခင်းပိုင်း ၁၁:၁၁ နာရီအချိန်တွင် ဗုံး တစ်လုံးပေါက်ကွဲကာ ယဉ်ထိန်းရဲ တစ်ဦးနှင့် ပြည်သူ့စစ် တစ်ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲခဲ့သော ဗုံးမှာ ချိန်ကိုက်ဗုံးဖြစ်ပြီး မည်သူမည်ဝါ ထောင်ခဲ့သည့်ဗုံး ဖြစ်ကြောင်းကို စုံစမ်းဆဲဖြစ်သည်။

ဒဏ်ရာရရှိသော ယဉ်ထိန်းရဲ နှင့် ပြည်သူ့စစ်သားတို့ကို လူနာတင်ယဉ်ဖြင့် တင်ဆောင်သွားပြီဖြစ်ပြီး လက်ရှိတွင် မူဆယ်ပြည်သူ့ ဆေးရုံကြီး၌ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းအမြောက်အများရှိသည်ဖြစ်ရာ ဗုံးပေါက်ကွဲမှု နှင့် သေနတ်ပစ်ခတ်မှုတို့သည် နေ့စဉ်နှင့်အမျှ ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ပင် ဖြစ်ပွားလျက်ရှိသည်။

Photo : CJ

Post a Comment

0 Comments