တရုန်သို့နယ်ကျွံစစ်ရေးလှုပ်ရှားလာသော စစ်ကောင်စီတပ်ကို ကေအိုင်အေ မိုင်းဆွဲတိုက်ခိုက်


 

        နိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ တရုန် ဒေသသို့ ကျူးကျော်စစ်ရေးလှုပ်ရှားလာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းအားကချင်လွှတ်လပ်ရေးတပ်မတော် (K.I.A) တပ်မဟာ (၂) အမှတ်(၄၅)တပ်ရင်း စစ်သည်တို့မှ ယနေ့မနက် ၆နာရီခန့် တခက်ကျေးရွာနှင့်တရုန်ကျေးရွာကြား စက်တင်ဘာ ၁၅ ရက် ယနေ့မနက် ၆ နာရီခန့်တွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါသည်။
 
        စစ်ကောင်စီတပ်ဖွဲ့ဝင်များက တရုန်ကျေးရွာကနေတခက်ကျေးရွာဘက်သို့ စစ်အင်အားတိုးချဲ့ လှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေတပ်ဖွဲ့မှ မိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါသည်။
 
        ၎င်းစစ်ကြောင်းမှာ တနိုင်း တကစ တပ်မှ စစ်ရေးလှုပ်ရှားလာသည့်စစ်ကြောင်းဖြစ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် တရုန်ချောင်းတံတားအနီးတွင်တစ်ကြိမ်၊ စက်တင်ဘာ ၈ ရက်နေ့လဂျာဘွမ်ကျေးရွာအနီးရှိ ဘရန်ရန်ချောင်းတွင် တစ်ကြိမ် ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
 
Photo: iNternet

Post a Comment

0 Comments