ဒိန်ဂါယာန်အလွန် ခလားကဒေါင် အနီး KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်၊ လိုင်ဇာအနီးထိုး ထားသော စစ်ကြောင်းအရာရှိများ ထိန်းသိမ်းခံရ။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဒေါ့ဖုန်းယာန်မြို့ နယ်ခွဲ ဒိန်ဂါယာန်အလွန် ခလားကဒေါင်တွင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်၌ KIA နှင့် စစ် ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

ခလားကဒေါင် ဝွယ်ရွပ်ခ အနီး KIA တပ်ဖွဲ့တို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် စစ် ကောင်စီတပ်ဖွဲ့တို့ အရပ်ဝတ်ဖြင့်ရောက်ရှိလာ ပြီး ပစ်ခတ်မှုပြုရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း မြေပြင်သတင်းရင်းမြစ်က 7stars News ကို ပြောသည်။

"KIA တပ်ဖွဲ့တွေ ခလားကဒေါင် ဝွယ်ရွပ်ခ အနီး ဝန်းကျင်အထိ နယ်မြေရှင်းလင်းရေးလုပ် နေကြ တယ်။ ခလားကဒေါင်ဆိုတာက လိုင်ဇာနဲ့ ၃၅ မိုင်လောက်ဝေးတဲ့နေရာပါ။ ခလားကဒေါင် အနီးဝန်း ကျင်မှာ စစ်ကောင်စီ စစ်ကြောင်းတစ်ခု လှုပ်ရှားနေကြောင်း သတင်းရလို့ KIA တပ်ဖွဲ့ တွေ ရောက်လာကြတာ။ နယ်မြေရှင်းလင်းရေး လုပ်နေချိန်မှာပဲ လုံခြုံရေးတာဝန်ယူနေတဲ့ KIA တပ်သားကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်နဲ့ လှမ်းပစ်တယ်။ အရပ်ဝတ် နဲ့ ဆိုတော့ ရန်သူလို့ မထင်ခဲ့ဘူးလေ။ အငိုက်မိ သွားတာပေါ့။ KIA ဘက်ကလည်း ပြန်ပစ်တယ်။ နာရီဝက်လောက် အပြန်အလှန်ပစ်ကြ တဲ့နောက် စစ်ကောင်စီဘက်က နောက်ဆုတ် သွားတယ်။ KIA တပ်ဖွဲ့တွေကလည်း အလွတ် မပေးပဲ နောက်ကနေလိုက်ပစ်ကြတာ အမဲလိုက် နေတဲ့အတိုင်းပဲ။ စစ်ကောင်စီဘက် ၁၄၂ တပ်ကနေပြီး လက်နက်ကြီး ပစ်ကူ တာရှိတယ်။” ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကျအဆုံးသတင်း အချက် အ လက်များရရှိရန် စုံစမ်းနေဆဲဖြစ်သည်။ 

လိုင်ဇာအနီးဝန်းကျင်သို့ စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည်မှာ ရက်ပေါင်း ၂၀ မျှ ရှိလာပြီ ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ ဘက်မှ ပြင်းထန်သည့်ထိုးစစ်ဆင်မှုကို ရှောင်ရှားကာ စစ်ရေးအရှိန်လျော့ချထားသည်ကို တွေ့ရသည်။ 

ထို့အပြင် ယနေ့ နေ့ခင်းပိုင်းတွင် လိုင်ဇာအနီး ဂန်ဒေါင်ယာန်၊ ခစူး နှင့် ရွှေညောင်ပင် ရွာများသို့ ထိုးထားသော စစ်ကြောင်းများမှ ဒုဗိုလ် အဆင့်ရှိအထက် အရာရှိများနှင့်  စစ်ကြောင်းမှူးများကို မပခ မှ လာရောက်ဖမ်းဆီးကာ မလိခရိပ်သာ၌ ထိန်းသိမ်းထားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် နီးစပ်သူများ ထံမှ ကြားသိရ သည်။

Post a Comment

0 Comments