ဆယ်ဇင်းတိုက်ပွဲတွင် စစ်ကောင်စီ အုပ်စု အတုံးအရုံးကျဆုံး၊ ယနေ့ ဂျက်ဖိုက်တာ ၂ စီး Mi-35 ၃ စီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်။


ကချင်ပြည်နယ် ဖာ့ကန့်မြို့နယ် ဆယ်ဇင်းအနီးတွင် KIA   နှင့် စစ်ကောင်စီ SNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲလွန်စွာပြင်းထန်လျက် ရှိပြီး ယနေ့တစ်ရက်တည်းတွင် စစ်ကောင်စီဘက်မှဂျက်ဖိုက်တာ ၂ စင်း နှင့် Mi-35 ၃ စီးတို့  ဖြင့်၅ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

ဆယ်ဇင်းအနီး ပတ်ဝန်းကျင်တွင် စစ်ကောင်စီအုပ်စု နှင့် KIA တို့ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်မှာ ၃ ရက်ရှိပြီဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီ အုပ်စုတို့ သေဆုံးသူ ၄၀ ဦးမျှနှင့် ဒဏ်ရာရရှိသူ ၇၀ ဦးထက်မနည်း ရှိခဲ့ခြင်းကြောင့် ရဟတ်ယာဉ် ဖြင့် စစ်ကူအင်အားထပ်မံပို့လွှတ်ကာ ဂျက်ဖိုက်တာ နှင့် Mi-35 တို့ကိုအသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း ရှေ့တန်းရှိ သတင်းရင်းမြစ်တစ်ဦးက 7stars News ကို ပြောသည်။

 "ဆယ်ဇင်းပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိပြီ။ ဒီအတောအတွင်း စစ်ကောင်စီတပ် နဲ့ SNA တပ်ဖွဲ့တို့ ကျဆုံးတာအယောက် ၄၀ လောက်ရှိမယ်။ ဒါအပေါ်ယံပြောတာပါ ဒီထက်လည်းမက နိုင်ဘူး။ဒဏ်ရာ ရတဲ့ဦးရေက ၇၀ ထက်မနည်းရှိနေပြီ။ ဒါကြောင့် ဒီနေ့မှာ ရဟတ်ယာဉ် နဲ့ အင်အား ၄၀ လောက်ပြန်လာချတယ်။ရိက္ခာ တွေလည်း တခါတည်း လာချတာ။ဒီနေ့ တစ်ရက်တည်းကို ဂျက်ဖိုက်တာ ၂ စီးMi-35 ၃ စီး နဲ့ အကြိမ်ကြိမ်လာပစ်တယ်။ နောက်ဆုံး ဂျက်ဖိုက်တာ နဲ့ လာပစ်တာက တော့ ဒီည ၇ နာရီကျော်ကျော်လောက်မှာပါ။”ဟု ဆိုသည်။

၎င်းကပင် ဆက်လျက်၍ ယခုကဲ့သို့ပြောဆိုသည်။

 "ဂျက်ဖိုက်တာ တွေကို ဖောဖောသီသီ သုံးပြီးလာပစ်ရတဲ့ အကြောင်းရင်းက စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတစ်ခုလုံးကို KIA တွေက လေးဘက်လေးတန် ပိတ်ဆို့ထားတာကြောင့်ပါ။ ပိတ်ဆို့ ခံထားရတဲ့ တပ်ဖွဲ့တွေကို လာကယ်တဲ့ သဘောပေါ့။ ဒီနေ့ လေယာဥ်နဲ့ ပစ်ခတ်လို့ KIA ဘက်က တစ် ဦးကျတယ်။ ၂ ဦးတော့ ဒဏ်ရာ အ​တော်လေး ပြင်းပြင်းထန်ထန်ရထားတာရှိတယ်။” ဟု ဆက်လျက်ပြောဆိုသည်။

ဖာ့ကန့်မြို့နယ် ဆယ်ဇင်း အနီးတဝိုက်တွင် လွန်ခဲ့သော ၂၀၂၁ ခုနှစ်အတွင်း KIA နှင့် စစ်ကောင်စီတို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီးနောက် တိုက်ပွဲအသေးအဖွဲမျှ ထိတွေ့မှုသာရှိရာမှ ယခုနှစ် ဇွန်လိုင်လ ၇ ရက်နေ့ကစပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်မှုမှာ ယခင်ထက် ပိုပြီးပြင်းထန်ခဲ့သည်။

Post a Comment

0 Comments