ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း ရှိ စကစ စစ်စခန်းအချို့ကို KNLA တိုက်ခိုက်သိမ်းပိုက်၊ စကစ အကျအရှုံးများ။


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ် ကောင်စီ၏ တပ်စခန်းအချို့အား    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA )   တပ်မဟာ (၃)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ  တိုက်ခိုက်သိမ်း ပိုက်ခဲ့‌ကြောင်း KNU သတင်းနှင့်ပြန်ကြားရေး၏ထုတ်ပြန် ချက်အရ သိရသည်။ 

နံနက်(၄:၄၅မိနစ်) အချိန်        မှစတင်ကာ      အကြမ်းဖက်  စစ်ကောင် စီ၏ စခန်းများဖြစ်သော ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်းနှင့် ကျောင်းစုစခန်းတို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်‌‌ကြောင်း သိရသည်။ ထိုစခန်းများမှာ အများပြည်သူ သွားလာလှုပ်ရှားမှုများပြုရာတွင် ဟန့်တား နှောင့်ယှက် စစ်ဆေးမှုများပြုလုပ်လျက်ရှိကာ စကစစ်တပ် နယ်မြေစိုးမိုးနိုင်ရန် ခြေကုတ်ယူကြိုးပမ်းနေ‌သော စစ်စခန်း များဖြစ်ကြောင်း သိရသည်။ 

Click To Donate 7Stars News

အောင်းလောင်းစိန်စခန်း၊ကျွန်းပင်ဆိပ်စခန်း၊ကော့ပြင်းစခန်းနှင့်ကျောင်းစုစခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့စစ် (၄)ဉီးသေဆုံးကာ ကျန်သူများမှာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြပြီး။ သေနတ် ၈ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။ ကြောင်ပြာစခန်းသိမ်းတိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိပြီး စကစ တပ်ရင်းမှူးအပါအဝင်အများအပြားသေဆုံးခဲ့ကာ ထိခိုက်ကျဆုံးမှုအရေအတွက်မှာမူ အတည်ပြုနိုင်ရန် ကြိုးစားလျက်ရှိ‌ ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 

တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့သည်။ ထိုသို့လေကြောင်းပစ်ကူပေးရာတွင်လည်း တိမ်းရှောင်ပြေးလွှားသည့် အရပ်သားများနေရာများအပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စောဘီးချယ်နှင့် မိသားစု ၄ ဉီးမှာ ထိခိုက်သေဆုံး ခဲ့ပြီး။ ကျွန်းပင်ဆိတ်ကျေးရွာနေ စောဒိုးကရိုး (၇၀ နှစ်)  လက်ဝဲရင်ဘတ် နှင့် ပေါင်တွင် ဒါဏ်ရာ ရရှိခဲ့‌ ကြောင်းသိရသည်။ 

Click To Donate 7Stars News

လက်ရှိအချိန်တွင် စခန်းသိမ်းတိုက်ပွဲများအနီးရှိကျေးရွာ‌ များတွင်‌ နေထိုင်သည့် ပြည်သူလူထုအားလုံးနီးပါး      ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိမ်းရှောင်နေကြသည့် ကျေးရွာစာရင်းအား အတည်ပြုနိုင်ရန်အတွက် ကြိုးစားလျက်ရှိ‌ကြောင်း ထုတ်ပြန်ချက် အရ သိရပါသည်။

Post a Comment

0 Comments