ဝူယန် ပြည်သူ့စစ် စခန်းကို KIA ပစ်ခတ်တိုက်ခိုက်။


ဝိုင်းမော်မြို့နယ် ဝူယန် ပြည်သူ့စစ်တပ်စခန်းကို ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက် ၂ နာရီတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး   တစ်နာရီခန့်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့‌‌ ကြောင်း သတင်း ရရှိသည်။

ပြည်သူ့စစ်စခန်းအတွင်းသို့ KIA မှ လက်နက်၊ ဗုံးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် စခန်းတွင်း ထိခိုက်မှုရှိနိုင်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက် အဆိုပါ ပြည်သူ့စစ်စခန်းတွင် စစ်ကောင်စီ တပ်သားများ အပြည့်ရောက်ရှိနေကြောင်း   သိရသည်။ တိုက်ပွဲအသေးစိတ် အချက်အလက်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဝိုင်းမော်မြို့နယ် KIA တပ်ရင်း ၃ နယ်မြေ နန်ဇော်ကျေးရွာတွင် ဇူလိုင်လ ၁၀ ရက်နေမှ စတင်ကာ ယနေ့အထိအာဏာသိမ်းအကြမ်းဖက်တပ် + ရှမ်းနီ၊ လီဆူးပြည်သူ့စစ် ပူးပေါင်းတပ်တို့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်တိုက်ပွဲများ လျက်ရှိသည်။

Post a Comment

0 Comments