ကွတ်ခိုင်မြို့ ဂေါက်ကွင်းတွင် KIA နှင့် စစ်ကောင် စီ တပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်အထိနာ။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ဂေါက်ကွင်း အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ည ၈:၂၀ နာရီအချိန်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

ကွတ်ခိုင် ဂေါက်ကွင်းရှိ ထင်းရှူးပင်အောက်တွင် စစ်ကောင်စီ တပ်ဖွဲ့တို့ ဝိုင်းဖွဲ့နေချိန် KIA ပျောက်ကျား တပ်ဖွဲ့တို့က RPG နှင့် လက်ထောက်တွဲလုံးများပစ်ခတ်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ပစ်ခတ်မှုမှာ မိနစ် အနည်းငယ်မျှသာ ရှိခဲ့ကြောင်း သတင်းရင်းမြစ် တစ်ဦးက 7stars News ကို ပြောသည်။


 "ခုလေးတင် ဖြစ်တာ။ ၈ နာရီ ၂၀ မိနစ်မှာဖြစ်

   တာ။ စစ်ကောင်စီ တပ်ဖွဲ့တွေ ဂေါက်ကွင်း

   ထင်းရှူးပင်အောက်တွေမှာ ဝိုင်းဖွဲ့နေချိန် 

   KIA ပျောက်ကျားအဖွဲ့တွေက အဖွဲ့ ၅ ဖွဲ့

   ခွဲပြီး ဂေါက်ကွင်း ပတ်ပတ်လည်ကို ဝိုင်းထား

   ပြီး တစ်ချိန်တည်း ဝိုင်းပစ်တာ။ ​ပျောက်ကျား

   အဖွဲ့ တိုင်း က ပစ်မှတ်တိကျတယ် လို့ပြော

   တယ်။ သူတို့ ဝင်ပစ်တဲ့ အချိန် စစ်ကောင်စီ

   တပ်ဘက်က တန်ပြန်ပြီးတောင် မပစ် နိုင်ကြ

   ဘူးလို့ဆိုတယ်။ သူတို့ နောက်ပြန်ခေါက်

   လို့ အတော်ဝေးဝေးရောက်မှပဲ စစ်ကောင်စီ

   ဘက်က ရမ်းသမ်းပြီး ပစ်ခတ်တဲ့ အသံတွေ

   ကြားရတာ လို့ပြောကြတယ်။” ဟု သတင်းရင်းမြစ်က ဆိုသည်။


ယနေ့ နံနက် ၇ နာရီအချိန်တွင်လည်း ကွတ်ခိုင်မြို့ 

လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ရွာအနီးတွင်

စစ်ကောင်စီ တပ် နှင့် KIA တို့ တိုက်ပွဲပြင်းထန်စွာ

ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း အသက် ၃ နှစ်

အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်မှု   ရှိကာ၊ စစ်ကောင်စီ တပ်ဖွဲ့တို့ အတုံးအရုန်းကျ ဆုံးမှု ရှိကြောင်း ကို အထက်ပါ သတင်းရင်းမြစ်က ဆက်လျက် ပြောဆိုသည်။


 "KIA တွေက ဒီမနက် ၆ နာရီကတည်းက အလုပ်

   ဝင်ဖို့ရှိတယ်။ ဒါပေမဲ့ မန်နောင်ရွာက အမျိုး

   သမီး ၃ ယောက်က ယူကလစ်တောအနီးမှာ

   မှိုရှာနေကြတယ်။ အဲ့ဒီအချိန် အလုပ်ဝင်ရင် 

   အဲ့ဒီအမျိုးသမီး ၃ ယောက်ကို ထိမှာ စိုးရ

   တယ်။ ဒါကြောင့် KIA တပ်ဖွဲ့တွေက တိုးတိုး

   တိတ်တိတ် နဲ့ အမျိုးသမီး ၃ ယောက် အပြန်

   ကို စောင့်နေကြတယ်။ ၇ နာရီထိုးခါနီးမှ အဲ့ဒီ 

   အမျိုးသမီးတွေကပြန်တယ်။ သူတို့ ပြန်ပြီး

   မိနစ်အနည်းငယ်စောင့်တယ်။ လုံခြုံရလောက်

   တဲ့နေရာရောက်မှ ပဲ KIA တွေက စစ်ကောင်စီ

   တို့ ဝိုင်းဖွဲ့နေတဲ့ နေရာကို တိုက်ခိုက်တာ။ 

   RPG နဲ့ လက်ထောက်တွဲလုံးတွေ ချည်းပစ်တာ။

   စစ်ကောင်စီဘက်က အထိအခိုက်များတယ်။

   ၇ ယောက်လောက်ကျတယ်လို့ တော့ ခန့်မှန်း

   တယ်။ ဒဏ်ရာရတာကတော့ ၈ ယောက်

   လောက်ရှိတယ်။ ဒဏ်ရာရတဲ့ လူတွေကို

   လူနာတင်ယာဉ်နဲ့ မန်ပိန်းဘက်သယ်သွား

   တာတွေ့လိုက်တယ်။ အဲ့... ကလေး ၁

   ယောက် လက်နက်ကြီးကျည်စ ထိမှန်တယ်

   လို့ကြားတယ်။ ဒီညနေပိုင်း ၃ နာရီလောက်

   မှာ လားရှိုးဆေးရုံကြီးမှာ ဆေးကုသခံ 

   နေရင်း ဆုံးသွားတယ်လို့ကြားရတယ်။

   တကယ် စိတ်ထဲကမကောင်းဘူး။ တကယ်

   တန်းပြည်သူတွေကို မထိခိုက်ဖို့ အတော်လေး

   ကို ကြိုးစားထားကြတာပါ။ KIA ဘက်က

   တော့ ရွာထဲ လက်နက်ကြီး ပစ်ထည့်တာမျိုး

   လုံးဝလုပ်မှာ မဟုတ်ဘူး။ တကယ်တန်း

   ဒီမနက်မှာ မှိုရှာနေတဲ့ အမျိုးသမီး ၃ ယောက်

   ကို ထည့်မတွက်ခဲ့ဘူးဆိုရင် စစ်ကောင်စီ

   ဘက်က ဒီ့ထက် အထိနာဖို့ရှိတယ်။ အဓိက

   ကတော့ ပြည်သူတွေကို မထိခိုက်ပဲ လိုရာ

   ခရီးကို အကောင်းဆုံးသွားနိုင်ဖို့ ဦးဆောင်

   သူတွေ နည်းလမ်းကောင်းရှာကြံရတာပေါ့။”

ဟု သတင်းရင်းမြစ်က ဆက်လျက်ပြောဆိုသည်။


ကွတ်ခိုင်မြို့အနီးတွင် ယနေ့ တစ်ရက်တာ ၌ စစ်ကောင်စီ နှင့် KIA တို့ ထိတွေ့မှု ၂ ကြိမ်ရှိခဲ့ပြီး ဇွန်လိုင်လ ၂၂ ရက်နေ့တွင်လည်း မူဆယ်လမ်းပိုင်း နမ့်ကွတ်အနီး မန်လွယ်လမ်းခွဲ တွင် စစ်ကောင်စီတပ် နှင့် KIA တို့ ထိတွေ့ ပစ်ခတ်မှု ရှိခဲ့သည်။

Post a Comment

0 Comments