ဆယ်ဇင်းရွာအနီး KIA နှင့် စကစ ခလရ(၄၂)တိုက်ပွဲဖြစ်၊ အကြမ်းဖက်တပ် အကျအဆုံးများ၊ ဂျက်ဖိုက်တာ အသုံးပြုတိုက်ခိုက်။

ကချင်ပြည်နယ် ကေအိုင်အေ အမှတ် ၉ တပ်မဟာ၊ တပ်ရင်း (၂၆) ထိန်းချူပ်နယ်မြေအတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စကစ ခလရ (၄၂)စစ်ကြောင်းနှင့် KIA အမှတ် (၂၆)တပ်ရင်းစစ်သည်တို့ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


ယမန်နေ့ (ဇူလှိုင် ၁၇ရက်နေ့) နံနက် ၅နာရီခန့်တွင်

အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စကစတပ် ခလရ (၄၂)စစ်ကြောင်းအား ဆယ်ဇင်းရွာအနီးတွင် KIA တပ်ရင်း (၂၆)စစ်သည်တို့မှ ကြားဖြတ်တိုက်ခိုက်ရာ ပြင်းထန်စစ်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တို့ ထိခိုက်ကျရှုံးမှုများပြားသဖြင့် ခလရ (၇၆)အခြေချစခန်းမှ လက်နက်ကြီးပစ်ကူနှင့် ခြေလျှင်စစ်ကူပေးတိုက်ခိုက်ခဲ့ရသလို၊ မြစ်ကြီးနား လေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂စင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။(တိုက်ပွဲအသေးစိတ်အချက်အလက် ကန့်သတ်)


ကေအိုင်အေစစ်တပ်မှ ခလရ (၇၆)စခန်းသို့ လက်နက်ကြီးများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးစာရင်းကို မသိနိုင်သေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။


ဇူလှိုင်လ ၁၆ရက်နေ့တွင်လည်း စကစ ခလရ(၄၂) စစ်ကြောင်းနှင့် တပ်ရင်း (၂၆)စစ်သည်တို့  ကျောက်ဖောင်းကျေးရွာအနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးသည်။


Post a Comment

0 Comments