ယမန်နှစ် ၄၄ဖြစ်စဉ်တွင် စကစနှင့်ပူပေါင်းခဲ့သည့် အုပ်ချူပ်ရေးမှူး သန်းဝင်း@ဘော်ဘီ ပစ်ခတ်ခံရကာ သေဆုံး။


ယမန်နှစ် ဩဂုတ်လ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် တော်လှန်လူငယ်များကို ဖမ်းဆီးရာတွင် စကစတပ်ကို သတင်းပေးပူးပေါင်းပါဝင်ခဲ့ပြီး တော်လှန်လူငယ် ၅ဦး တိုက်ပေါ်မှ ခုန်ချကျဆုံးစေခဲ့သည့် ဗတထ ၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းဝင်း(ခ)‌ ဘော်ဘီ ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 

ရန်ကုန်မြို့ပြ Inya Urban Force နှင့် အမည်မဖော်လိုသော မြို့ပြပြောက်ကျား တပ်ဖွဲ့တို့မှ  ၄၂ လမ်းထိပ်၊ ဘိုကလေးစျေးထိပ်မှာ ၃ ချက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ ဒလံဘော်ဘီ သေသွားပြီးနောက် ရဲများက အိမ်စီးကား Crow အဖြူနဲ့ လာ‌ရောက်စစ်‌ဆေးနေကြောင်း သတင်း ရရှိသည်။ 

ယမန်နှစ် ဩဂုတ်လ ၁၀ ရက်နေ့ ရန်ကုန်ဗိုလ်တထောင် ၄၄ လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ခန်းတစ်ခုကို ဝင်ရောက်စီးနင်းစဉ် တော် လှန်ရေး လူငယ် ၅ ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြပြီး ၃ ဦးသေဆုံးကာ  ၂ ဦး အဖမ်းခံခဲ့ရသည်

Post a Comment

0 Comments