စကစ မိုင်းရှာစစ်ကြောင်းနှင့် ကင်းပုန်းဖောက်ခွဲတိုက်ခိုက်ခံရ၊ ၁၅ယောက်သေဆုံး တစ်ချို့ထိခိုက်ဒဏ်ရာရ။

 


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မိုင်းရှာ စစ်ကြောင်းနှင့် ကင်းပုန်းများကို ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ထံမှ သိရသည်။ 

ဇူလိုက်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၂၁ မိနစ်တွင်  မြင်းမူမြို့မှ မိုင်းရှင်းရန် ထွက်ခွာလာသော အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းအား ဂွေးပင်တောကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ ကြားအရောက်တွင် MMU အဖွဲ့မှ မိုင်းအားတွေ့ရှိ၍ ဝမ်းသာအားရ “မိုင်းတွေ့ပြီ၊ မိုင်းတွေ့ပြီ” ဟု ထအော်ပြီး မိုင်းရှင်းရန် လုပ်ဆောင်စဥ် အသင့်စောင့်ဆိုင်းနေသော ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ပဒေသာ မိုင်း ၁၀ လုံး၊ တစ်ဖက်ပွင့်ပြောင်း ၁၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခဲ့သောကြောင့် စစ်သား ၁၃ ဦး ပွဲချင်းပြီး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိသွား ကြောင်း MMU က ဆိုသည်။ 

နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်းကျေးရွာ  နှင့် အလ္လကပ္ပ ကျေးရွာအကြားတွင် ကင်းပုန်းဝပ်နေသော စစ်သား ၅ ဦးခန့်သည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်း ပေါ်၌ ရှိနေစဥ် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ကျန်ရှိသော စစ်သားများ တပ်ပျက်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် မိုင်းရှာစစ်ကြောင်းနှင့် ကင်းပုန်းကို မြင်းမူမြို့ Black Eagle Defence Force-MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM စသည့် ညီနောင် မဟာမိတ် ၅ ဖွဲ့ တို့မှ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

Post a Comment

0 Comments