ကမ်းပြိုတိုက်ပွဲ အကြမ်းဖက်စစ်ရေယာဉ်အုပ်စုအထိနာ၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်ရမိ။

 


 ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းသို့ ဆန်တက်လာသောစစ်​ကောင်စီရေယာဉ်အုပ်စုကို ​ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) များက​စောင့်ကြို တိုက်ခိုက်​နေရာ ကမ်းပြိုတိုက်ပွဲအတွင်းထိခိုက်ပျက်စီးသွား​သော စစ်​ကောင်စီ​ရေယာဥ်တစ်စီး​ပေါ်မှ​​မျောပါလာ​သောခဲယမ်းများ နှင့်စစ်အသုံးအ​​ဆောင်ပစ္စည်းများစွာကိုသိမ်းဆည်းနိုင်ခဲ့​ကြောင်း သတင်းရရှိသည်။

ဇူလှိုင်၊ ၁၈ရက်နေ့ မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှထွက်ခွါလာသော ရေယာဉ် ၁၃စီး၊ အင်အား ၁၀၀ခန့်ပါ ရေယာဉ်စစ်ကြောင်းအား ကမ်းပြိုအရောက်တွင် ဗိုလ်နုတ်ခမ်းမွေးနှင့် အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ၆၀ မမ (၂)လုံး၊ 5.56 ကျည် 280 တောင့်၊ ၆၀ မမ နောက်ရိုက်ဒန်ကတ်သီး(၁၀)လုံး၊ ( 76th Anniversary Fire-Services Department) စာတန်းပါသော မိုးကာအင်္ကျီ အထည် ၁၅၀ ခန့်၊ တပ်မ(၅၅)တံဆိပ်ပါ စစ်အင်္ကျီများ၊ စစ်ဖိနပ်များ၊ စားသုံးဆီ (၃)ပုံး၊ အမျိုးအမည်မသိရသေးသော ပေပါ (၅)လုံး၊စစ်တပ်သုံး ကျောပိုးခြင်းကျားများ၊စစ်တပ်ထုတ် ရွှေဖီဦးလ္ဘက်ရည်ထုတ်များ၊စစ်​ကောင်စီတပ်သားများအတွက်သာ စာတန်းပါ‌ဝင်သောဆေးဝါးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် အခြားစစ်တပ်အသုံးဆောင်ပစ္စည်း အများအား ဇူလိုင် ၁၉ရက်‌နေ့တွင်ဆယ်ယူသိမ်းဆည်းရရှိခဲ့​ခြင်းဖြစ်ကြောင်း​ သိရသည်။

အဆိုပါရေယာဥ်အုပ်စုကို  နံနက် ၅နာရီ ခန့်အချိန် ချိုင်ရွာအနီး  မိနစ် ၃၀ ကြာ ပစ်ခတ်တိုက်ခိုက်မှုတွင် စကစတပ်မော်တော်တစ်စီး လက်လုပ်၉၀မမ ထိမှန်နစ်မြုပ်သွားပြီး ခဲယမ်းကျည်အချို့ ရရှိကြောင်းလည်းသိရသည်။

အလားတူ အဆိုပါ‌ ရေယာဉ်တန်းအား ဇူလိုင် ၁၉ ရက်   နေ့လည် ၂နာရီခန့်တွင် ကနီမြို့နယ်အပိုင် နတ်ကြီး နှင့် ငါးဖျက် ရွာ တို့ အကြားPDF များကသုံးကြိမ်တိုင်ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ​သေဆုံးထိခိုက်မှုများရှိခဲ့​ကြောင်းကျောက်လုံးကြီး PDF ထံမှ သိရသည်။

Photo - ဆယ်ယူသိမ်းဆည်းရမိ ခဲယမ်းများKPDF)

Post a Comment

0 Comments