မောင်တောတွင် AA နှင့် စကစတပ် တိုက်ပွဲဖြစ်၊ စစ်သားနှင့်ရဲများသေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦးဖမ်းဆီးရမိ။


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၁၈ ရက်နေ့ က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AAတို့ကြားမှာ တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားမှုအပြီး အကြမ်းဖက်စစ်တပ် အကျအဆုံးများကာ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးရမိ‌ကြောင်း သတင်းရရှိသည်။


 ဇူလိုင်လ ၁၈ ရက်၊ နံနက် ၉ နာရီခန့် အချိန်တွင် မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်) ရွာ အကြား တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန် ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြား တစ်ကြိမ် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီစစ်တပ်နှင့် နယ်ခြားစောင့်တို့ပူးပေါင်းထားသောစစ်ကြောင်းအား ရက္ခိုင့်တပ်တော်AA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဖက်မှ  စစ်သား နှင့် ရဲများသေဆုံးမှုရှိခဲ့ပြီး ရက္ခိုင့်တပ်တော်ဖက်မှ ထိခိုက် ဒဏ်ရာရရှိသူ တစ်ချို့ရှိခဲ့ကြောင်းသိရသည်လက်နက်ချ အညံ့ခံသော အကြမ်းဖက်တပ်သား သုံ့ပန်း ၁၄ ဦးကိုလည်း လက်ရဖမ်းဆီးရမိခဲ့ပြီး RPG 7၊ ပီစတို ၂ လက်၊ စက်လတ် ၁ လက်၊ G3၊ G4 အပါအဝင် လက်နက်စုစုပေါင်း ၂၅ လက်၊ ခဲယမ်းအများအပြား၊ စစ်အသုံး အဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


Photo : သိမ်းဆည်းရမိ လက်နက်ခဲယမ်းများပုံ

Post a Comment

0 Comments