ပန်​ဆေး ပြည်သူ့စစ်ယာဉ်အား TNLA ပစ်ခတ် ပြည်သူ့စစ် ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

 ပန်​ဆေး ပြည်သူ့စစ်ယာဉ်အား TNLA ပစ်ခတ် ပြည်သူ့စစ် ၄ ဦးသေ၊ ၂ ဦး ဒဏ်ရာပြင်းထန်

        ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှ ပန်မာကောင်းဂတ်ရွာသို့ ဦးတည်မောင်းနှင်လာသောပန်ဆေးပြည်သူ့စစ်ယာဉ်အား TNLA တပ်ဖွဲ့က ယနေ့ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင်လမ်းခုလပ်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်း
ရရှိသည်။

        စစ်သား ၆ ဦး စီးနင်းလာသော ပန်ဆေးပြည်သူ့စစ်ယာဉ်အား TNLA တို့က စစ်ဆေးမှုပြုရန်ရပ်တန့်စေသော်လည်း ရပ်တန့်မှုမပြုပဲ အတင်းမောင်းနှင်သွားခြင်းကြောင့် TNLA ဘက်မှ ပစ်ခတ်မှု ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        TNLA တို့၏ ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာသော ပန်ဆေးပြည်သူ့စစ်တပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့များကိုင်ဆောင်ထားသည့် လက်နက်များကိုလည်းTNLA က သိမ်းဆီးရမိကြောင်း သိရသည်။
        အဆိုပါ ပန်ဆေးပြည်သူ့စစ်အဖွဲ့သည် ကောင်းဂတ်ရွာအနီးတွင် မြှုပ်နှံထားသော ပန်ဆေးပြည်သူ့စစ်အရာရှိ
တစ်ဦး၏ အုပ်ဂူကို သွားရောက် ပြုလုပ်ရန် နမ်းခမ်းမြို့မှ ထွက်ခွာလာခဲ့သည်ဖြစ်ရာလမ်းခုလပ်၌ ယခုကဲ့သို့သော အဖြစ်နှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့နှင့် နီးစပ် သူတစ်ဦးက ဆိုသည်။

        ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသည် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် KIA, SSPP/SSA, RCSS/SSA, TNLA, MNDAA, AA တို့ အပြင် စစ်ကောင်စီက မွေးထုတ်ထားသည့် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင် တပ်ဖွဲ့ အမြောက်အမြား ကျင်လည်ကျက်စား လျက်ရှိသော ဒေသဖြစ်သည်။

The 7Stars News


Post a Comment

0 Comments