ဘုတလင်ရဲစခန်းကို PDF နှင့် KIA တို့ စီးနင်း၊ လက်နက်ခဲယမ်းများနှင့် ငွေစက္ကူများသိမ်းဆီးရမိ

 ဘုတလင်ရဲစခန်းကို PDF နှင့် KIA တို့ စီးနင်း၊ လက်နက်ခဲယမ်းများနှင့် ငွေစက္ကူများသိမ်းဆီးရမိ


        စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ရဲစခန်းကို PDF နှင့် KIA တို့ ပူးပေါင်းပြီးယမန်နေ့ည ၉ နာရီအချိန်တွင် ရှောင်တခင်ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

        တစ်နာရီကြာမျှ ပစ်ခတ် တိုက်ခိုက်ပြီးသည့်နောက် ဘုတလင် ရဲစခန်းကို KIA နှင့် PDF တို့ သိမ်းပိုက် နိုင်ခဲ့ပြီးစခန်းကို မီးရှို့ခဲ့ကြကာစခန်းထဲမှ လက်နက်ခဲယမ်းများ အပြင် ငွေစက္ကူများကို သိမ်းယူပြီး ဆုတ်ခွာခဲ့ကြကြောင်း
သိရသည်။

        ဘုတလင် ရဲစခန်းအား ပစ်ခတ်တိုက်ခိုက်မှု နှင့်ပတ်သက်ပြီး PDF နှင့် KIA တို့အား ဆက်သွယ်မေးမြန်းမှုပြုခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေကြားခြင်း မရှိခဲ့ပေ။ ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်မှ စစ်ရဟတ်
ယာဥ် Mi35 ဖြင့် ဝက်လက်၊ ဘိုတဲကျေးရွာ နှင့် ဘုတလင် အနီးပတ်ဝန်းကျင်များသို့ ပစ်ခတ် တိုက်ခိုက်မှု ပြုခဲ့သည်။

The 7Stars News

Post a Comment

0 Comments