အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲ ၅ ဦးကို MNDAA က ဖမ်းဆီးသတ်ဖြတ်

 အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲ ၅ ဦးကို MNDAA က ဖမ်းဆီးသတ်ဖြတ်

        ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ကျိန်းဆန်းကျော့အနီးတွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီအချိန်ခန့်၌ MNDAA တပ်ဖွဲ့က စစ်ကောင်စီ လက်ပါးစေရဲ ၅ ဦးအား ားဖြင့် ဖမ်းဆီးခေါင်ဆောင်သွားကြောင်းသတင်းရရှိသည်။

        ဖမ်းဆီးခံရသော ရဲ (၅) ဦး တို့၏ ရုပ်အလောင်းများကို ဦးခေါင်းတွင် ကျည်ဖောက်ထွက် ဒဏ်ရာများဖြင့် မုံးပေါ်အနီး ဂလေ့ခက်တွင် သေဆုံးနေကြသည်ကို ဒေသခံပြည်သူများက ယမန်နေ့ နေ့ခင်းပိုင်းတွင် တွေ့ရှိခဲ့ကြပြီးသက်ဆိုင်သူများအား အကြောင်းကြားခဲ့ကြသည်ဟု သိရသည်။

        ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ရဲ များမှာ ၁၀၅ မိုင်မှဒုရဲအုပ် နှင့် ရဲသား (၂)ဦး မင်္ဂလာမူဆယ်မှ ရဲ (၁) ဦး နှင့်
ပန်ခမ်းတံတားရဲတပ်ဖွဲ့မှ (၁) ဦး တို့ဖြစ်ကြောင်း သိရသည်။မည့်သို့သော ဆက်စပ်မှုဖြင့် ယခုကဲ့သို့ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ကိုမူ သိရခြင်းမရှိသေးပေ။

        ရှမ်းမြောက်ဒေသတွင် နမ့်ခိုင်တံတား နှင့် နမ့်ပေါ်တံတား တို့တွင် တာဝန်ကျသောရဲတပ်ဖွဲ့တို့သည် ခရီးသွာ
ပြည်သူများအားခြိမ်းခြောက်စစ်ဆေးမှုများကို စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိသည်။



The 7Stars News

Post a Comment

0 Comments