KIO ထိန်းချုပ်ရာဒေသ မိုင်ဂျာယာန်တွင် ဖွင့်လှစ် ထားသည့် Mai Ja Yang Institute of Education (MIEd) ပညာရေးကောလိပ်ဘွဲ့နှင်းသဘင်ကျင်းပ

 KIO ထိန်းချုပ်ရာဒေသ မိုင်ဂျာယာန်တွင် ဖွင့်လှစ် ထားသည့် Mai Ja Yang Institute of Education (MIEd) ပညာရေးကောလိပ်ဘွဲ့နှင်းသဘင်ကျင်းပ

        KIO ထိန်းချုပ်ရာဒေသ မိုင်ဂျာယာန်တွင်ဖွင့်လှစ်ထားသည့် မိုင်ဂျာယာန်ပညာရေးကောလိပ် (Mai Ja Yang Institute of Education ) ကျောင်းဆင်းပွဲ နှင့် ဘွဲ့နှင်းသဘင်ကို ဧပြီ (၂) ရက်နေ့က မိုင်ဂျာယာန် ပညာ့ဗိမာန်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

        COVID-19 ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ပညာသင် နှစ်၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တို့တွင် ကျောင်းသူကျောင်းသားများအား ဘွဲ့အပ်နှင်း နိုင်ခဲ့ခြင်း မရှိခြင်းကြောင့် ယခု နှစ်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၏ ကျောင်းဆင်း
ပွဲတွင် ပညာသင်နှစ် ၃ ခု စာအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပခဲ့ရသည် ဟု ဆိုသည်။
        အခမ်းအနားတွင် ဂုဏ်ပြုဘွဲ့ကို လက်ခံရရှိသောကျောင်းသူ ကျောင်းသား အားလုံး ၅၇၅ ဦးရှိပြီး
- Diploma in Education (Dip. Ed.) Program
- Pre-College Program
- Diploma in TESOL (Dip. TESOL) program
- Diploma in Teaching Chinese Language
(Dip. TCL) program
- Pre-College English Program
- Pre-Collage Chinese Program စသည့် Program များမှ ကျောင်းသူ ကျောင်းသားများဖြစ်ကြောင်း သိရသည်။
        KIA ထိန်းချုပ်ရာ မိုင်ဂျာယာန်မြို့တွင် ယခု​ဘွဲ့နှင်းသဘင် အခမ်းအနားပြုလုပ်သည့် Mai Ja Yang Institute of Education (MIED)ကျောင်းအပြင်
- Mai Ja Yang College (MJYC),
- Institute of Liberal Arts and Sciences (ILAS)
- Federal Law Academy (FLA) စသည့် ကျောင်းကြီးများလည်း ရှိသည်ဖြစ်ရာ နောင်တစ်ချိန်တွင် အဆိုပါ ကျောင်းများကို စုဖွဲ့ကာတက္ကသိုလ် ပရဝုဏ် တစ်ခုတည်းတွင် ထည့်သွင်းပြီး Kachin National University အဖြစ်ရပ်တည်
လာမည်ဖြစ်ကြောင်းလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

Post a Comment

0 Comments