စကစ လက်ပါးစေပြည်သူ့စစ်အဖွဲ့အား KIA တိုက်ခိုက်၊ ၂ဦးသေ၊ ၄ဦးဒဏ်ရာရ၊ ၅ဦးအရှင်ဖမ်းမိ။(ရုပ်သံ)

စကစ လက်ပါးစေပြည်သူ့စစ်အဖွဲ့အား KIA တိုက်ခိုက်၊ (၂) ဦးသေ၊ (၄)ဦးဒဏ်ရာရ၊                (၅) ဦးအရှင်ဖမ်းမိ။




        ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပန်ဝါဖက်မှဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ မန်ကျီ(Mang Kyi)ပြည်သူ့စစ်အဖွဲ့အား  KIA တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ကြောင်း သတင်းရရှိပါသည်။

        
ယမန်နေ့ (ဧပြီ ၁၂ရက်နေ့) ပန်ဝါဖက်မှဆင်းလာသော ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး အင်အား ၁၁ယောက်ပါ မန်ကျီ               (Mang Kyi)ပြည်သူ့စစ်အဖွဲ့အား ဆော့လော်ရွာအနီးတွင် KIA အမှတ် (၄၆) တပ်ရင်းစစ်သည်တို့မှ ပစ်ခတ်တိုက်ခိုက်၊ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
သိမ်းဆည်းရမိလက်နက်ခဲယမ်းများ

        တိုက်ပွဲအတွင်း မန်ကျီ(Mang Kyi) ပြည်သူ့စစ်ဖက်မှ (၂)ဦးသေဆုံး၊ (၄)ဦးဒဏ်ရာရတပ်ရင်းမှူးအဆင့်အရာရှိတစ်ဦး နှင့် တပ်စိတ်မှူးတစ်ဦးအပါအဝင် ၅ဦးအရှင်ဖမ်းမိကာ လက်နက်ငယ် ၁၀လက်နှင့် ခဲယမ်းတစ်ချို့သိမ်းဆီးရမိကြောင်း ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါသည်။
မန်ကျီပြည်သူ့စစ် ဘက်တံဆိပ်
            
ပန်ဝါ၊ ချီဖွေ၊ ဆော့လော် ဒေသသည် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်များကျက်စားရာဒေသဖြစ်ပြီး ၎င်းတို့သည် အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းကာ မူးယစ်ဆေးဝါး၊ ဘိန်း စိုက်ပျိုးရောင်းဝယ်ဖောက်ကားခြင်း၊ ရွှေတူးဖော်ခြင်း၊ နီကယ် နှင့် မြေရှားသတ္တုတူးဖော်ခြင်းတို့ကို ထင်ရာစိုင်းလုပ်ကိုင်ကာ အကြမ်းဖက်စစ်ကောင်စီအား ထောက်ပံ့လျက်ရှိသည်။

Photo & Video : KIA Front Line
The 7Stars News

Post a Comment

0 Comments