သစ်ပင်အောက်ဝိုင်းဖွဲ့အနားယူနေသော စစ်ကောင်စီတပ်ဖွဲ့အား KIAတို့ ချုံခိုတိုက်ခိုက်

 သစ်ပင်အောက်ဝိုင်းဖွဲ့အနားယူနေသော စစ်ကောင်စီတပ်ဖွဲ့အား KIAတို့ ချုံခိုတိုက်ခိုက်

            ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုနောင်ရွာ အထက်ရှိ ညောင်ပင်ကြီးအောက်တွင် ခေတ္တအနားယူနေကြသော စစ်ကောင်စီတပ်ဖွဲ့အား KIA အမှတ် ၂၉ လှုပ်ရှားတပ်ရင်းတပ်ဖွဲ့က ယနေ့ညနေ ၆ နာရီအချိန်ခန့်တွင်ချုံခို တိုက်ခိုက်ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှု ပြင်းထန်ခဲ့ကြောင်းသတင်းရရှိသည်။

        အင်အား ၅၀ မျှရှိသော စစ်ကောင်စီ စစ်ကြောင်းသည် ပြည်ထောင်စုလမ်းမပေါ်လုံခြုံရေးယူရန် စစ်ချီလာခြင်းဖြစ်ရာ KIA တို့၏ အသင့်စောင့်ကြို ချုံခိုတိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ KIA ဖက်မှ စစ်ကောင်စီတပ်ဖွဲ့တို့ ဝိုင်းဖွဲ့အနားယူနေသော ညောင်ပင်ကြီးအောက်သို့ လက်ထောက်တွဲ ၅ လုံး ပစ်ခတ်ပြီးနောက် လက်နက်ငယ်များဖြင့်တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

        နာရီဝက် ကြာမျှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ပြီးသည့်နောက် KIA တို့ ဆုတ်ခွာသွားခဲ့သည်ဟု ဆိုသည်။နှစ်ဖက် ထိခိုက်ကျဆုံးမှုသတင်းကိုမူ သိရခြင်းမရှိသေးချေ။

        ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမတလျောက်တွင် KIA, TNLA, MNDAA နှင့် စစ်ကောင်စီတပ်တို့ တပ်လှုပ်ရှားမှုများပုံမှန် ရှိနေသော်လည်း ယခု လအတွင်းတိုက်ပွဲ ဖြစ်ပွားမှုမှာ ယခင်လများထက် လျော့ပါးလျက်ရှိသည်။


The 7Stars News

Post a Comment

0 Comments