ဘုတလင် စစ်ဆင်ရေးတွင် KIA ဘက်မှ အရာရှိ တစ်ဦးကျဆုံး

 ဘုတလင် စစ်ဆင်ရေးတွင် KIA ဘက်မှ အရာရှိ တစ်ဦးကျဆုံး


        စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့ ရဲစခန်းအား PDF နှင့် KIA တို့ ယမန်နေ့ညက ရှောင်တခင်စီးနင်း တိုက်ခိုက်မှုပြုခဲ့ရာ ရဲစခန်းအား တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင်စစ်ကောင်စီတပ်မှ မြေပြင်စစ်ကြောင်း အပြင်စစ်ရဟတ်ယာဉ် Mi 35 ဖြင့်ပါ PDF နှင့် KIA တို့အား ပိတ်ဆို့ တိုက်ခိုက်မှုပြုခဲ့ခြင်းကြောင့် KIA ဘက်မှ အရာရှိတစ်ဦး တိုက်ပွဲ အတွင်း အသက်စတေးခဲ့ရကြောင်း သိရပါတယ်။

        ကျဆုံးသွားတဲ့ KIA အရာရှိ ဗိုလ်အွန်ဆောင်းမွန်းအောင် နဲ့ နီးစပ်သူ ဆွေမျိုးတစ်ဦးက 7stars News ကို ယခုကဲ့သို့ ဆိုပါတယ်။
"ဗိုလ်မွန်းအောင် ရှေ့တန်း စစ်မြေပြင်မှာ ရောက်နေတာ ၁ နှစ်လောက်ရှိပြီ။ မိန်းမကလေးမွေးတုန်းက ခွင့်တောင်းခဲ့ပေမဲ့ခွင့်မရခဲ့ဘူး။ ခု သူ့မှာ (၆) လအရွယ်ရင်သွေးလေး ရှိတယ်။ ကလေးမျက်နှာတောင်မမြင်ခဲ့ရပဲ ခုလို တိုင်းပြည်အတွက်အသက်စတေးခဲ့ရတာ ကျွန်တော်တို့ယူကြုံးမရဘူး။ သူ့မှာ ရင်သွေးလေး နဲ့မိန်းမ ကျန်ခဲ့တာပေါ့။” လို့ ဆိုပါတယ်။

        ဗိုလ်အွန်ဆောင်းမွန်းအောင် သေဆုံးချိန်တွင်အသက် (၃၀) နှစ်ရှိပြီဖြစ်ပြီး KIA အပတ်စဉ် (၆) ဗိုလ်လောင်း ကျောင်းဆင်း ဖြစ်ကြောင်း သိရပါတယ်။

The 7Stars News

Post a Comment

0 Comments