စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ထက်မနည်းကို AA ထောက်ပံ့ထား

စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ထက်မနည်းကို ရခိုင်လွှတ်မြောက်ရေးတပ်မတော် (AA) ထောက်ပံ့ထား


        ရက္ခိုင့်တပ်တော် (AA) အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ခဲ့ကြောင့် ၎င်းတို့၏ တပ်မတော်နေ့သို့ ပေးပို့သည့် သဝဏ်လွှာများအရ သိရသည်။


            AA     အနေဖြင့် Mara     (ချင်းတပ်ဖွဲ့)    ၊ PRF (ရန်ကုန်    နှင့် အညာဒေသအခြေစိုက်)        DPRA    (အညာဒေသအခြေစိုက်)၊  ASU/SAF (ရန်ကုန်အခြေစိုက်) နှင့် PRA (အညာဒေသအခြေစိုက်) တို့ကို  စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်ဟု သဝဏ်လွှာများက ဖော်ပြထားသည်။


        ထို့ပြင် ကရင်နီတပ်ဖွဲ့တစ်ခုဖြစ်သည့် KNDF၊ ချင်းတပ်ဖွဲ့များဖြစ်သည့် CDF မင်းတပ်၊ အရှိုချင်းအဖွဲ့   နှင့် အခြားတပ်ဖွဲ့များဖြစ်သည့် PLA၊ PIO/PIA စသည့် တော်လှန်ရေးအဖွဲ့များကလည်း AA နှင့် ပူပေါင်းဆောင်ရွက်ချင်ကြောင်း၊ AA လုပ်ရပ်ကို ဂုဏ်ယူကြောင်းနှင့် AA လုပ်ရပ်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသီးသီး သဝဏ်လွှာပေးပို့ထားကြသည်။


        အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ရက္ခိုင့်တပ်တော်နေ့အတွက် သဝဏ်လွှာပေးပို့ထားသည့်အပြင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ထားသည်။ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက်     အခြေခံကောင်းများတည်ဆောက်နိုင်ရန်    ရည်ရွယ်ကာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် AA နှင့် အလွတ်သဘောတွေ့ဆုံလိုကြောင်း NUG က ကမ်းလှမ်းထားသေးသည်။


            AA ကလည်း ၎င်းတို့၏ တပ်တော်နေ့အပြီးတွင် NUG ၏ ကမ်းလှမ်းချက်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။


Source : Lu Nge Khit 

The 7Stars News                                                                                                                               

Post a Comment

0 Comments