စစ်ကောင်စီက ဖွဲ့စည်းထားသည့် NSPNC အဖွဲ့ နှင့် SSPP/SSA အဖွဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းထွက်ပေါ်နေ

 စစ်ကောင်စီက ဖွဲ့စည်းထားသည့် NSPNC အဖွဲ့နှင့် SSPP/SSA အဖွဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းထွက်ပေါ်နေ

        စစ်ကောင်စီက ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC)နဲ့ စဝ်ခွန်ဆိုင် ဦးဆောင်သော SSPP/SSA အဖွဲ့ ဒီကနေ့ (မတ်လ ၃၁ ရက်နေ့) နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

” အဲဒီသတင်းကဖြစ်နိုင်တယ်။ SSPP/SSA တွေမဆုတ်ခွာရင် စစ်ကောင်စီဖက်ကထိုးစစ်ဆင်မယ်လို့လည်းပြောနေသံကြားတယ်၊ စနင်း၊ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ် ကိုရောက်နေတဲ့ SSPP/SSA အောက်ခြေတပ်ရင်းအချို့ ပြန်လည်ဆုတ်ခွာနေကြတာလည်းရှိတယ်” လို့ ဒေသခံတွေကပြောပါတယ်။

        SSPP/SSA တပ်ဖွဲ့သည် ပလောင်အမျိုးသားလွှတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့်ပူးတွဲစစ်ရေးလှုပ်ရှားမှုပြုလုပ်လျက်ရှိသောအဖွဲ့ဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလခန့်မှ စတင်၍ TNLA နှင့် SSA တို့ အာဏာလုစစ်ကောင်စီနှင့် ညှိနှိုင်းမှုရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသလို ၎င်းကိစ္စနှင့်ပတ်သက်နိုင်သည်ဟုယူဆရသော မသင်္ကာဖွယ်ရာ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေကြောင်း စစ်ရေးသုံးသပ်သူတစ်ချို့က ဆိုပါသည်။

        ယနေ့ စစ်ကောင်စီနှင့် SSPP/SSA တို့ တွေ့ဆုံဆွေးနွေးမှုရှိမရှိကို အတည်ပြုနိုင်ရန် 7Stars News မှ ဆက်လက်စုံစမ်းလျက်ရှိသည်။


Photo : ဓာတ်ပုံဟောင်း
The 7Stars News

Post a Comment

0 Comments