ရှိန်ကပ်တောင်တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ကို ကယ်ထုတ်ရန်လာသော စစ်ကြောင်းအား KIA တို့ ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီအကျအဆုံးများပြား

 ရှိန်ကပ်တောင်တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ကို ကယ်ထုတ်ရန်လာသော စစ်ကြောင်းအား KIA တို့ ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီအကျအဆုံးများပြား

        ရှိန်ကပ်တောင်တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ကို ကယ်ထုတ်ရန် စစ်ကူအင်အား ဖြည့်တင်းလာသော စစ်ကြောင်းကို ဆွမ်ပီယာန်အထက် ရေချောင်းစပ်တွင် KIA တို့ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        မွန်းလွဲပိုင်း ၁ နာရီအချိန်ထိ နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တို့ ထိခိုက်ကျဆုံးမှုများပြားခဲ့ရာ ညနေ၂ နာရီခွဲအချိန်တွင် စစ်ကောင်စီ တပ်ဘက်မှဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

        စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၂ စီးဖြင့်ဗုံးကြဲ တိုက်ခိုက်မှုပြုခဲ့သော်လည်း KIA တို့တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှု မရှိကြောင်းရှေ့တန်း သတင်းရင်းမြစ်မှ သိရသည်။ပူတာအို မြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ ကစပြီး စစ်ကောင်စီ တပ်စခန်းတွေကို KIAနှင့် PDF တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်မှာ ယနေ့ ၁ လ တင်းတင်းပြည့်ပြီ ​ဖြစ်သည်။

The 7Stars News

Post a Comment

0 Comments