ကား (၂၇)စီးပါ စကစစစ်ယာဥ်တန်းအား KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်၊စကစ သေဆုံးမှုများ။

 ကား (၂၇)စီးပါ စကစစစ်ယာဥ်တန်းအား KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်၊စကစ သေဆုံးမှုများ။

        KIA အမှတ် (၈) တပ်မဟာ၊ အမှတ် (၃၅) တပ်ရင်းနယ်မြေ၊ မိုးညင်းမြို့ နှင့် နမ့်ယားကြား ညောင်ကုန်းရပ် တွင် မိုးညှင်းမှထွက်ခွာလာသော အကြမ်းဖက်စစ်ယာဥ်တန်းအား KIA + PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        ယနေ့ မနက် (၇း၀၀) ခန့်အချိန် မိုးညှင်းမြို့မှ ထွက်ခွာလာသော စစ်ကား ၂၇စီး၊ စစ်အင်အား ၂၀၀ကျော်နှင့် လက်နက်ခဲယမ်း၊ ရိက္ခာများတင်ဆောင်လာသည့်စစ်ကောင်စီတပ် စစ်ယာဉ်တန်း ကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တို့မှ မိုးညှင်း နှင့် နမ့်ယားအကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

        တိုက်ပွဲပြင်းထန်ခဲ့ပြီး စကစ စစ်ကား ၂စီးထိမှန်ပျက်စီး၊စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ကျော်နှင့်အထက်သေဆုံးနိုင်ပြီး၊ ထိခိုက်ဒဏ်ရသူ များပြားနိုင်ကြောင်း၊ KIA + PDF တို့ဖက်မှလည်း ထိခိုက်ကျဆုံးမှုရှိကြောင်းသိရသော်လည်း သေးစိတ်အချက်အလက်ကိုမူ မသိရသေးချေ။

        ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်က အသေအပျောက်များရှိတာကြောင့် မိုးညင်း စကစတပ်စခန်းမှ စစ်ကား(၆)စီးဖြင့် အလောင်းနှင့် လူနာများကို သယ်ယူသွားကြောင်းသိရသည်။


Photo : ပုံဟောင်း
The 7Stars News

Post a Comment

0 Comments