စစ်ကောင်စီ စုပေါင်းဂိတ်ကို KIA နှင့် PDF တို့ တိုက်ခိုက် မီးရှို့၊ စစ်ကောင်စီတပ်ကျဆုံးမှုများ

  စစ်ကောင်စီ စုပေါင်းဂိတ်ကို KIA နှင့် PDF တို့ တိုက်ခိုက် မီးရှို့၊ စစ်ကောင်စီတပ်ကျဆုံးမှုများ

        ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဂတ်ရှန်ယာန်ကျေးရွာ နှင့် မယန့်ကျေးရွာကြားရှိ (၂၁)မိုင်စုပေါင်းဂိတ်ကို KIA နှင့် PDF တို့က ယနေ့ နံနက်၄ နာရီအချိန်တွင် ရှောင်တခင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        အဆိုပါ (၂၁) မိုင် စုပေါင်းဂိတ်တွင် တာဝန်ကျသော ရဲ၊ စစ်သား နှင့် လဝက တို့သည် ခရီးသွားပြည်သူများအား နည်းလမ်းပေါင်းစုံဖြင့် စစ်ဆေးမှုများပြုလုပ်သည်သာမက ငွေကြေးမတရားတောင်းခံခြင်း နှင့် ခရီးကြန့်ကြာစေရန် ရည်ရွယ်ချက်ရှိရှိ ဒုက္ခပေးလျက် ရှိသောကြောင့် ခရီးသွား ပြည်သူများ ၏ တိုင်ကြားချက်အရ KIA နှင့် PDF တို့က အချိန်မဆိုင်းပဲ အရေးယူမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

        KIA နှင့် PDF တို့၏ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ၂ ဖက် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ခဲ့ပြီး နံနက် ၇ နာရီအချိန်တွင်စုပေါင်းဂိတ်အား အပြီးအစီး သိမ်းပိုက် နိုင်ခဲ့ပြီး စခန်းများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

        ယင်း ၂၁ မိုင် စုပေါင်းဂိတ် အနီးတွင် ခလရ၂၆၀ အထိုင်တပ်စခန်းရှိရာ အဆိုပါတပ်စခန်းကိုလည်း KIA နှင့် PDF တို့ တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထိခိုက်ကျဆုံးမှု နှင့် ပတ်သက်ပြီး KIAရှေ့တန်းအရာရှိအား 7stars News မှ စုံစမ်းမေးမြန်းရာ....

"ကျွန်တော်တို့ KIA က အထက်ကချပေးတဲ့မူဝါဒအတိုင်းသွားတယ်။ မိမိဘက်ကရောရန်သူဘက်ကရော ဘယ်လောက်ကျဆုံးတယ်ဆိုတာ ထုတ်ပြန်ပြောလေ့မရှိဘူး။ ဒီမှာရန်သူဘက်က အကျအဆုံးတော့များတယ်။
ဒီလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။” ဟုပြန်လည်ဖြေကြားခဲ့သည်။

        KIA နှင့် PDF တို့မှ ၂၁ မိုင် စုပေါင်းဂိတ်ကိုစီးနင်း မီးရှုပြီးသည့်နောက် စစ်ကောင်စီဘက်မှ စစ်ရဟတ်ယာဥ် (၂)စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

        ယနေ့ မတ်လ ၁၉ ရက်နေ့တွင် ဟိုပင်တွင်လည်းKIA, PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တိုက်ပွဲ ပြင်းထန်မှု
ရှိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်လည်းKIA တပ်ရင်း (၃၆) တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ခမရ (၄၂၀) တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည်။


The 7Stars News

Post a Comment

0 Comments