ဆွမ်ပီယာန်ကျေးရွာအနီး တိုက်ပွဲ ပြင်းထန် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ် ပြည့်သူ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီး

 ဆွမ်ပီယာန်ကျေးရွာအနီး တိုက်ပွဲ ပြင်းထန်စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ် ပြည်သူ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီး

        ကချင်ပြည်နယ် ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာအနီးတွင် KIA နှင့် စစ်ကောင်စီ တို့ယနေ့ညနေ ၅:၄၀ နာရီအချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီ ဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆွမ်ပီယာန်ကျေးရွာရှိ ပြည်သူ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး ကျေးရွာပြည်သူများလည်း တောတွင်းသို့ထွက်ပြေး တိမ်းရှောင်နေကြရကြောင်းသတင်းရင်းမြစ် တစ်ဦးက 7stars News ကိုပြောသည်။

"ညနေ ၆ နာရီ မထိုးခင် ရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ အတော်လေး ပြင်းပြင်းထန်ထန်ပစ်ခတ်နေကြတယ်။ ပြည်သူတွေကတော့တောထဲ သိမ်းရှောင်နေကြရတယ်။ အချို့ကစစ်ဘေးရှောင်စခန်းဘက် ပြေးရှောင်ကြတယ်။
စစ်ကောင်စီဘက်ကတော့ ထုံးစံအတိုင်း လက်နက်ကြီး တွေ ရမ်းပစ်တယ်။ရွာထဲက နေအိမ် နှစ်လုံးမှာ လက်နက်ကြီးကျည်ကျကွဲပြီး အိမ် ၂ လုံး မီးလောင်သွားတယ်...” ဟု ဆိုသည်။

        တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားပြီး ဆွမ်ပီယာန် ကျေးရွာသို့ချိန်ရွယ်ကာ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်ထံမှ သိရသည်။

        ပူတာအို မြို့နယ်တွင် KIA နှင့် PDF တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်ကို ပုံစံအမျိုးမျိုးဖြင့်ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ လွန်ခဲ့သောဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက ဖြစ်သည်။

The 7Stars News

Post a Comment

0 Comments