စစ်ကောင်စီ ယာဉ်တန်းကို MNDAA တို့ ဖြတ်တိုက်

 စစ်ကောင်စီ ယာဉ်တန်းကို MNDAA တို့ ဖြတ်တိုက်

        စစ်ကောင်စီယာဉ်တန်းကို MNDAA တို့ကယမန်နေ့ည ၁၀:၄၅ နာရီအချိန်တွင် နမ့်ဖတ်ကာအထက် ခိုမုန်းတွင် ဖြတ်တိုက်ခဲ့ကြောင်းသတင်းရရှိသည်။

        စစ်ကား ၃၂ စီးပါဝင်သော စစ်ကောင်စီယာဉ်တန်းမှာ လားရှိုးမြို့ မှ မုံးကိုးသို့ ဦးတည်မောင်းနှင်လာခြင်း ဖြစ်ပြီး ညနေ ၄ နာရီအချိန်တွင် နမ့်ဖတ်ကာ၌ ခရီးတစ်ထောက်နားကာ ည ၁၀ နာရီအချိန်တွင် ခရီးဆက်ခဲ့ရာ ခိုမုန်းအရောက်တွင်ဖြတ်တိုက်ခံရခြင်းဖြစ်သည်။

        အဆိုပါ ယာဉ်တန်းမှ ကား ၂ စီးကို RPG ဗုံးသီး ထိမှန်မှု ရှိခဲ့သော်လည်း ဆက်လျက်ခုတ်မောင်းသွား နိုင်ခဲ့သည်ဟု သိရသည်။ယနေ့ နံနက် ၁ နာရီခွဲအချိန်တွင် ယင်းစစ်ကား၃၂ စီးလုံး မုံးကိုးမြို့သို့ ဆိုက်ရောက်ခဲ့သည်ဟု သိရသည်။
မုံးကိုးဒေသအတွင်း စစ်ကောင်စီ တပ် နှင့်MNDAA တပ်တို့ ပစ်ခတ် တိုက်ခိုက်မှု ရပ်တန့်နေသည်မှာ ရက်အတန်ကြာပြီဖြစ်ပြီးတိုက်ပွဲများ ဆက်လျက်ပြင်းထန်လာမည်ကိုဒေသခံတို့ စိုးရိမ် နေကြသည်။


The 7Stars News


Post a Comment

0 Comments