လွယ်ဂျတ်တောင်ခြေတွင် MNDAA နှင့် စကစတပ်တို့ တိုက်ပွဲပြင်းထန်နေ၊ စကစ ဖက်က တိုက်လေယာဥ်ပါအသုံးပြုတိုက်ခိုက်လျက်ရှိ။

 လွယ်ဂျတ်တောင်ခြေတွင် MNDAA နှင့် စကစတပ်တို့ တိုက်ပွဲပြင်းထန်နေ၊ စကစ ဖက်က တိုက်လေယာဥ်ပါအသုံးပြုတိုက်ခိုက်လျက်ရှိ။

        ရှမ်းမြောက်၊ လားရှိုးခရိုင်၊ မုံးယော်ကျေးရွာအနီး၊ လွယ်ဂျတ်တောင်ခြေ၊ နောင်းဗျစ်ကျေးရွာအထက်တွင် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် (ကိုးကန့်)MNDAAတပ်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

        ယနေ့နံနက် ၉နာရီအချိန်ခန့် MNDAA စခန်းချနေရာယူထားသော လွယ်ဂျတ်တောင်ခြေသို့ စစ်ကောင်စီ
တပ်မ ၉၉ လက်အောက်ခံတပ်ရင်း အင်အား ၈၀ခန့်ပါ (တပ်ရင်းအမှတ်စိစစ်ဆဲ) စစ်ကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် ပြင်းထန်တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်းသိရသည်။

        အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ဂျက်ဖိုက်တာ ၂စီးအသုံးပြုတိုက်ခိုက်လျက်ရှိသလို။ စစ်ရဟတ်ယာဥ်သုံးစင်းလည်း တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက် ပျံဝဲထောက်လှမ်းလျက်ရှိကြောင်း သိရသည်။7Stars News အနေဖြင့် တိုက်ပွဲအခြေအနေအသေးစိတ်အချက်အလျက် ရယူနိုင်ရန် ကြိုးစားလျက်ရှိသည်။

        ကချင်ပြည်နယ် တနိုင်း၊ ပူတာအို၊ မိုးညှင်းမြို့နယ်များတွင်လည်း ကချင်လွှတ်မြောက်ရေးတပ်မတော် KIA,
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF-Kachin Region နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်
လျက်ရှိသည်။


Photo : iNternet (File Photo)
The 7Stars News

Post a Comment

0 Comments