ကွတ်ခိုင်ဗျူဟာ နှင့် အခြားနေရာ ၂ နေရာကို KIA တို့ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်

 ကွတ်ခိုင်ဗျူဟာ နှင့် အခြားနေရာ ၂ နေရာကို KIA တို့ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်

        ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဗျူဟာကိုယနေ့ နံနက်ပိုင်း ၈ နာရီအချိန်တွင် KIA တို့ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အပြင်နမ့်ခမ်းစစ်ကောင်စီတပ်နှင့် နမ့်ခိုင်တံတားစောင့်တပ် တို့ကိုလည်း တပြိုင်နက်တည်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု နှင့် ပတ်သက်ပြီးKIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးအား 7stars News မှ စုံစမ်းမေးမြန်းရာယခုကဲ့သို့ ဆိုသည်။

"တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို စစ်ကောင်စီတပ်က အဓမ္မ သိမ်းယူခဲ့တာ ဒီနေ့ဆို တစ်နှစ်ပြည့်ပြီ။ မတရား အာဏာသိမ်းတဲ့အပေါ် ကျွန်တော်တို့ ဆန့်ကျင်တယ်။ကျွန်တော်တို့က ပြည်သူတွေနဲ့ အတူရပ်တည်နေပါတယ်” ဟု ဆိုသည်။

        KIA တို့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကွတ်ခိုင်ဗျူဟာအတွင်း ၁၀၇ ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့သည် ဟု ဆိုသည်။နမ့်ခိုင်တံတား စောင့် တပ်ကိုလည်း KIA တို့ ရှောင်တခင်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တို့ အလစ်အငိုက် မိခဲ့ကြောင်း သိရသည်။နမ့်ခမ်းမြို့ စစ်ကောင်စီတပ်စခန်းကိုလည်းKIA တို့ အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ခဲ့သည် ဟုဆိုသည်။

        တိုက်ပွဲများအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုမည်၍ မည်မျှ ရှိသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
တိုင်းပြည်၏ အချုပ်အခြာအာဏာကိုစစ်ကောင်စီတပ်တို့ မတရားသိမ်းယူခဲ့သောတစ်နှစ်ပြည့်သည့် ယနေ့တွင် ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ် တနံတလျားတွင်KIA နှင့် PDF တို့ ပူးပေါင်းပြီး အာဏာသိမ်းမှုအပေါ်ဆန့်ကျင်သည့် တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။

The 7Stars News

Post a Comment

0 Comments