ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

 ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေ

        ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ် သံလွင်မြစ်အနီး ရှောင်ကောင်တောင်နှင့် နမ့်အွမ် အနီးတို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က စပြီးတိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိ
ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီတပ်တို့ အင်အား အလုံးအရင်းဖြင့် KIA တပ်ရင်း ၃၆ နှင့် တပ်ရင်း ၉ ထိန်းချုပ်ရာ ဒေသအတွင်းချဉ်းကပ်လာ ခြင်းကြောင့်တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်ကြောင်းသိရသည်။နှစ်ဖက်ထိခိုက် ကျဆုံးမှု သတင်းကိုမူ အတည်ပြု နိုင်ခြင်းမရှိသေးပေ။

The 7Stars News

Post a Comment

0 Comments