KIA နှင့် စစ်ကောင်စီတပ်တတို့တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စင်းဖြင့်တိုက်ခိုက်

 KIA နှင့် စစ်ကောင်စီတပ်တတို့တိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စင်းဖြင့်တိုက်ခိုက်

        ကချင်ပြည်နယ် KIA တပ်မဟာ ၉၊ တပ်ရင်း ၄၄ထိန်းချုပ်ရာဒေသ ဥရုဆိုင်းမော်မြို့နယ် ဆိုင်းဖျရွာအနောက်ဘက်ခြမ်း မနော့မော်အနီးတွင် KIA နှင့် စစ်ကောင်စီတို့ ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က စပြီး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား
ကြောင်း သတင်းရရှိသည်။နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်ပြီးစစ်ကောင်စီတပ်ကို KIA တို့ ပိတ်ဆို့ ထားသည်
ဟု ဆိုသည်။

        မွန်းလွဲပိုင်း ၁ နာရီအချိန်တွင် စစ်ကူအဖြစ်မြစ်ကြီးနားမှ ဂျက်ဖိုက်တာ ၂ စင်းဖြင့် စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုရှိသည် ဟု သိရသည်။နှစ်ဖက်ထမခိုက်ကျဆုံးမှု ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးချေ။

        ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့သည် KIA ကို အစပြု တည်ထောင်ခဲ့သည့် ၆၁ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့
ဖြစ်သည်။


The 7Stars News

Post a Comment

0 Comments