စကစတပ်သားတစ်ဦးအမြင်မှန်ဖြင့် စစ်ကောင်စီတပ်ကိုစွန့်ပြီး KIA ထံခိုလှုံ

 စကစတပ်သားတစ်ဦးအမြင်မှန်ဖြင့် စစ်ကောင်စီတပ်ကိုစွန့်ပြီး KIA ထံခိုလှုံ

        စစ်ကောင်စီ တပ်ရဲ့ တိုင်းပြည် နဲ့ ပြည်သူတွေအပေါ် မတရား သဖြင့်ပြုခဲ့မှုကို မကျေနပ်သဖြင့် တပ်မ ၈၈ လက်အောက် ခလရ ၈၃တပ်မှ တပ်သား တစ်ဦး ယမန်နေ့ (ဖေဖော်ဝါရီ၁၅) ရက်နေ့က KIA ထံ အမြင်မှန်ဖြင့် ခိုလှုံ
ခဲ့ကြောင်း သတင်းရရှိပါတယ်။

        ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီကို မကြေနပ်ခဲ့ပေမဲ့CDM ပြုလုပ်ရန် အခက်အခဲအမျိုးမျိုး ရှိနေခြင်းကြောင့် နောက်ကျခဲ့ရတယ်လို့ယင်းစစ်သား နဲ့ ထိတွေ့ခဲ့သူ တစ်ဦးကပြောပါတယ်။

ထိုပုဂ္ဂိုလ်ကပင် ယခုလို ထပ်ပြောပါတယ်။
"ဒါကတော့ သူပြောတဲ့ စကားပေါ့...သူက KIA မှာလာပြီး အညံ့ခံ အလင်းဝင်တာ မဟုတ်ပါဘူးတဲ့။ အမြင်မှန်နဲ့ ပြည်သူတွေဖက် ရပ်တည်ဖို့ KIA ဆီကို ခိုလှုံတာပါ... တဲ့။” လို့ ဆိုတယ်။

        KIA ထံ လက်နက် အပြည့်အစုံ နဲ့ ခိုလှုံလာခဲ့တဲ့ ရဲဘော် ရဲ့ အမည်၊ ကိုယ်ပိုင်နံပါတ်တွေကို လုံခြုံရေးအရ KIA တာဝန်ရှိသူတွေက 7stars News ကို ထုတ်ဖော်ပြောခြင်း မရှိခဲ့ပါဘူး။

The 7Stars News

Post a Comment

0 Comments