မလိယာန်တွင် စစ်ကောင်စီတပ် နှင့် KIA တို့ တိုက်ပွဲပြင်း၊ စစ်ကောင်စီတပ် ၃ ဦးသေကာ ဒဏ်ရာရရှိသူများပြား

 မလိယာန်တွင် စစ်ကောင်စီတပ် နှင့် KIA တို့ တိုက်ပွဲပြင်း၊ စစ်ကောင်စီတပ် ၃ ဦးသေကာ ဒဏ်ရာရရှိသူများပြား

        ကချင်ပြည်နယ် ပူတာအိုမြို့နယ် မလိယာန်ကျေးရွာ အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက်ပိုင်း ၁၀ နာရီခွဲအချိန်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ရေးလှုပ်ရှား လာသော စစ်ကောင်စီတပ်ကို KIA တို့ လမ်းခုလပ်တွင်စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားကြောင်း ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

        ယနေ့ နံနက်ပိုင်းတွင်လည်း ထီးချိုင့်အနီးတွင်KIA နှင့် PDF တို့ ပူးပေါင်းကာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးပျက်စီးပြီး စစ်ကောင်စီတပ်မှ အယောက် ၂၀ ကျဆုံးခဲ့သည်။


The 7Stars News

Post a Comment

0 Comments