ဆွမ်ပီယာန် စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

 ဆွမ်ပီယာန် စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

        ကချင်ပြည်နယ် ပူတာအိုခရိုင် မြစ်ကြီးနား နှင့်ပူတာအိုမြို့ကြား ဆွမ်ပီယာန် ရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ ၁ လက်အောက်အမှတ် ၇ တပ်ရင်း တပ်ဖွဲ့တို့က ယနေ့ နံနက်ပိုင်း၁၀ နာရီခွဲ အချိန်တွင် ရုတ်တရက် စီးနင်း
တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        အဆိုပါ တပ်စခန်းကို KIA တို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် မှတန်ပြန် တိုက်ခိုက် နိုင်ခြင်းမရှိပဲ ထိခိုက်ကျဆုံးမှု အမြောက်အမြားဖြင့် တပ်စခန်းကိုလက်လွတ်ခဲ့ရသည်ဟု ဆိုသည်။

    ဒေသခံ ပြည်သူ တစ်ဦးက 7stars News ကို ယခုကဲ့သို့ ဆိုသည်။

"၁၀ နာရီခွဲလောက်မှာ လက်နက်ကြီးသံတွေရောလက်နက်ငယ် အသံတွေရော ကြားရတယ်။သိပ်မကြာဘူး မိနစ် ၂၀ လောက်ပစ်ပြီးအသံတွေ ပြန်ငြိမ်သွားတယ်။ ပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိဘူး။” ဟု ဆိုသည်။

        ယနေ့ ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် စစ်ကောင်စီမှ တိုင်းပြည်အာဏာကိုမတရားသိမ်းပိုက်ခဲ့မှု တစ်နှစ်ပြည့်
သည့်နေ့ ဖြစ်ရကား ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသနှင့် ကချင်ပြည်နယ် စစ်ကိုင်းတိုင်း တို့တွင် KIA နှင့် PDF တို့ ပူးပေါင်းပြီး အာဏာသိမ်းမှုကို ဆန့်ကျင် တိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။


The 7Stars News

Post a Comment

0 Comments