ကာမိုင်း စစ်ဆေးရေးဂိတ်ကို KIA တို့ စီးနင်း၊ စစ်ကောင်စီဘက် ၂ ဦးကျဆုံး၊ သေနတ် ၄ လက် သိမ်းဆည်းရမိ

 ကာမိုင်း စစ်ဆေးရေးဂိတ်ကို KIA တို့ စီးနင်း၊စစ်ကောင်စီဘက် ၂ ဦးကျဆုံး၊ သေနတ် ၄ လက်သိမ်းဆည်းရမိ

        ကာမိုင်းအဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကိုယနေ့နံနက် ၇ နာရီအချိန်တွင် KIA တို့ ရှောင်တခင်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        နာရီဝက်ကျော် ကြာမျှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဂိတ်စခန်းကို KIA တို့ သိမ်း နိုင်ခဲ့ကြောင်း သိရသည်။စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ၂ ဦးကျဆုံးကာ သေနတ် ၄ လက်နဲ့ ခဲယမ်းအချို့
ကိုလည်း KIA တို့ သိမ်းဆည်းရမိကြောင်းသိရသည်။

        အဆိုပါဂိတ်တွင် တာဝန်ကျသော စစ်ကောင်စီတပ်တို့သည် လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား ပုံစံအမျိုးမျိုးဖြင့် အနှောက်အယှက်ပေးခြင်းကြောင့် ပြည်သူများ၏ တိုင်ကြားချက်အရ KIA တို့ ရှင်းလင်းရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

"အဲ့ဒီဂိတ်မှာ မှတ်ပုံတင်စစ်တယ်။ မပါရင် ဒဏ်ငွေပေးဆောင်ရတယ်။ ဖုန်းတွေစစ်တယ်။ပုံစံအမျိုးမျိုး နဲ့ စစ်ဆေးတယ်။ ဒါကြောင့် ပြည်သူတွေက KIA ကို တိုင်တယ်။ KIA ဘက်ကအလျင်အမြန် အရေးယူဆောင်ရွယ်တဲ့ သဘော
ပါပဲ…” ဟု ဆိုသည်။

        ယခုရက်ပိုင်းအတွင်း ပူတာအို အနီးပတ်ဝန်းကျင်တို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်မှု ရှိခဲ့ပြီး ကျန်ဒေသများတွင် ရံဖန်ရံခါထိတွေ့မှုတွေ ရှိနေခဲ့သည်။


The 7stars News

Post a Comment

0 Comments