မော်ဟန် ရဲစခန်းကို KIA နဲ့ PDF တို့ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

 မော်ဟန် ရဲစခန်းကို KIA နဲ့ PDF တို့ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

        ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ရှိ စစ်ကောင်စီ ရဲစခန်းကို KIA နဲ့ PDF တို့က ယနေ့ နံနက် ၃ နာရီအချိန်ခန့်မှာ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ ခဲ့ကြောင်းသတင်းရရှိတယ်။

        KIA နဲ့ PDF တို့ အမှတ်မထင် ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် မော်ဟန်ရဲစခန်းမှ တန်ပြန် တိုက်ခိုက်နိုင်ခြင်းမရှိပဲ အချို့သော ရဲများမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကာ စခန်းမှူး နဲ့ တပ်ကြပ်တို့ ၂ ဦးကျဆုံးခဲ့ပြီး လက်နက်များကိုလည်း KIA နဲ့ PDF တို့ သိမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

        ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာလည်း ဆွမ်ပီယာန်စစ်ကောင်စီတပ်စခန်းကို KIA တို့ သိမ်းပိုက်ကာမီးရှို့ဖျက်ဆီးမှု ရှိခဲ့ပါတယ်။

Photo : စခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

The 7Stars News

Post a Comment

0 Comments