ဂျာရာယာန် စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF တို့ ကျားထိုးတိုက်ခိုက်သိမ်းပိုက်

 ဂျာရာယာန် စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF  တို့ ကျားထိုးတိုက်ခိုက်သိမ်းပိုက်

        ကချင်ပြည်နယ် ဖာ့ကန့်မြို့နယ် ဂွေခါ နဲ့ လွယ်ဆိုင် ကြားရှိ ဂျာရာယာန် စစ်ကောင်စီတပ်စခန်း ကို KIA, PDF တို့ ယနေ့နံနက် ၅ နာရီအချိန်ကစပြီး ထိုးစစ်ဆင် ကျားထိုး တိုက်ခိုက်ကာ စခန်းကိုသိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        ဂျာရာယာန် တပ်စခန်းသည် တပ်မ ၃၃ လက် အောက် ခမရ ၁၁ တို့ အခိုင်အမာ နေရာယူထားသော တပ်စခန်းဖြစ်ပြီး KIA နှင့် PDF တို့ ၂ နာရီကျော်ကြာမျှ အပြင်းအထန် ကျားထိုး တိုက်ခိုက်ပြီးနောက် ယနေ့နံနက်၇ နာရီခွဲ အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

        နှစ်ဖက်ထိခိုက်ကျဆုံးမှု သတင်းကိုမူအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်းစစ်ကောင်စီတပ်မှ အကျအဆုံးများပြားခဲ့သည်ဟု ရှေ့တန်း သတင်းရင်းမြစ်မှသိရသည်။

        ယနေ့နံနက် ၃ နာရီခွဲအချိန်တွင်လည်း မိုးညှင်းမြို့နယ် မော်ဟန် ရဲစခန်းကို KIA နှင့် PDF တို့ သိမ်းပိုက်ကာ မီးရှို့
ဖျက်ဆီးခဲ့သည်။

The 7Stars News


Post a Comment

0 Comments