ရှိန်ဂတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်အပါအဝင် ၁၀ ဦးကျော်ကျဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း KIA နဲ့ PDF တို့ သိမ်းဆည်း

 ရှိန်ဂတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုဗိုလ်အပါအဝင် ၁၀ ဦးကျော်ကျဆုံးပြီး လက်နက်ခဲယမ်းများကိုလည်း KIA နဲ့ PDF တို့ သိမ်းဆည်း

        ပူတာအိုမြို့နယ် ဆွမ်ပြီယာန်အနီး ရှိန်ဂတ်တောင်တွင်အခြေချထားသော စစ်ကောင်စီ တပ်စခန်းကိုKIA နှင့် PDF တို့ ယနေ့နံနက်ပိုင်း ၁၁:၁၅ နာရီအချိန်မှ စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

        အဆိုပါ ရှိန်ဂတ်တောင်တပ်စခန်းကို KIA နှင့် PDFတို့ ယနေ့ ၂ ကြိမ်တိုင် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ် ၄ လက် နှင့် ခဲယမ်းများကိုသိမ်းဆည်းရမိကြောင်း သိရသည်။

        ယနေ့ညနေပိုင်း တိုက်ပွဲတွင် ရှိန်ဂတ်တောင်ရှိစစ်ကောင်စီ လက်နက်ကြီးကွင်းအတွင်း KIA တို့ ပစ်လိုက်သော ၁၀၇ လျော့တိုက်ဒုံး ကျရောက် ပေါက်ကွဲသဖြင့် ဒုဗိုလ်အပါအဝင် ၁၀ ဦးကျော် ကျဆုံးခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

        ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်းရှိန်ဂတ်တောင် စစ်ကောင်စီတပ်စခန်းကိုKIA နှင့် PDF တို့ အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

The 7Stars News


Post a Comment

0 Comments