ရှိန်ကပ်တောင်ဘက်သို့ စစ်ကူလာသော ပူတာအိုမှ စစ်ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF တို့ ကြားဖြတ်တိုက်ခိုက် စစ်ကောင်စီတို့ အထိနာ

 ရှိန်ကပ်တောင်ဘက်သို့ စစ်ကူလာသောပူတာအိုမှ စစ်ကောင်စီ စစ်ကြောင်းကို KIA နှင့် PDF တို့ ကြားဖြတ်တိုက်ခိုက်စစ်ကောင်စီတို့ အထိနာ

        ပူတာအိုမှ ရှိန်ကပ်တောင်တပ်စခန်းသို့ ဦးတည်လာသော စစ်ကောင်စီ စစ်ကြောင်းကို လုံရှာယာန်ကျေးရွာ နှင့် တန်ဂျာကျေးရွာကြားတွင် KIA နှင့်PDF တို့က ယနေ့ နံနက် ၆ နာရီအချိန်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        အင်အား ၁၅၀ မျှ ရှိသော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လွန်ခဲ့သော ဖေဖော်ဝါရီလ၁၉ ရက်နေ့က Y8 ဂျက်လေယာဉ်ဖြင့် ပူတာအိုတွင် ဖြည့်တင်းထားသည့် စစ်ကူ အင်အားဖြစ်ပြီး ရှိန်ကပ်တောင်တွင် ပိတ်မိနေသော
စစ်ကောင်စီတပ်အား ကယ်ထုတ်ရန် စစ်ချီလာခြင်းဖြစ်ရာ လမ်းခုလပ်တွင် KIA နှင့် PDF တို့၏ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

        KIA နှင့် PDF တို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တို့ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး စစ်ကြောင်းမှာလည်း ဖရိုဖရဲဖြစ်ခဲ့ရသည်ဟု ဆိုသည်။ရှိန်ကပ်တောင်စခန်းမှ ရဲဘော်များကို ကယ်ထုတ်ဖို့ ဖတ်မာ၊ မိုလာ၊ ရှီဒ၊ နောင်ခိုင် စသည့် ကျေးရွာများတွင်လည်းစစ်ကောင်စီဘက်မှ အင်အား ၁၅၀ ကျော်မျှ ရှိနေသေးကြောင်း သိရသည်။

        ရှိန်ကပ်တောင်စစ်ကောင်စီ တပ်စခန်းကိုKIA နှင့် PDF တို့ ထိုးစစ်ဆင် ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကတည်းကဖြစ်ပြီး ယနေ့ ၅ ရက်မြောက်ရှိပြီဖြစ်သည်။


The 7Stars News

Post a Comment

0 Comments