တပ်ကြပ်ကြီးအပါ အဝင် ၃ ဦးသေဆုံး

 တပ်ကြပ်ကြီးအပါ အဝင် ၃ ဦးသေဆုံး

        ပူတာအိုမြို့နယ် ဆွမ်ပီယာန် ကျေးရွာအနီးမဇီးယာန်အထက်ရှိ ရှိန်ကပ်တောင် တွင် KIA, PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ ယနေ့ညနေပိုင်း ၂ နာရီခွဲအချိန်က စပြီး ၄ နာရီအချိန်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီတပ် အထိုင်ချထားသော ရှိန်ကပ်တောင်စခန်းကို KIA နှင့် PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်ရာမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။KIA နှင့် PDF တို့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်
မှုကြောင့် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးအပါအဝင် ၃ ဦး ကျဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။ဒေသခံပြည်သူ တစ်ဦးက တိုက်ပွဲနှင့် ပတ်သက်ပြီး 7stars News ကို ယခုကဲ့သို့ ပြောသည်။

"နှစ်နာရီကျော်လောက်က စပြီး ရှိန်ကပ်တောင်မှာ တိုက်ပွဲဖြစ်နေပြီ။ လက်နက်ကြီးသံတွေ ရော လက်နက်ငယ်သံတွေရော ကြားနေရတယ်။ ညနေ ၄ နာရီအထိ တိုက်နေကြတာပဲ။ မဇီးယာန်မှာ ရှိတဲ့ ပြည်သူတွေကတော့ ရွာထဲ လက်နက်ကြီးကျည်တွေ ကျကွဲ မှာကို စိုးရိမ်နေကြတယ်။” ဟု ဆိုသည်။

        လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညတွင်လည်း ပူတာအိုမြို့နယ် ဖတ်မာကျေးရွာ အနီးတွင် KIA နှင့် PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တို့ အထိနာမှုများပြီး ဆိုင်ကယ်စီးနင်းလာသော ပြည်သူ ၂ ဦးကို ရမ်းသမ်းပစ်သတ်ခဲ့သည်။


The 7Stars News

Post a Comment

0 Comments