ဖတ်မာကျေးရွာမှလင်မယားစုံတွဲအား စစ်ကောင်စီပစ်ခတ်သတ်ဖြတ်

 ဖတ်မာကျေးရွာမှလင်မယားစုံတွဲအား စစ်ကောင်စီပစ်ခတ်သတ်ဖြတ်

        ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဖတ်မာကျေးရွာမှ ကြင်စ လင်မယားအား စစ်ကောင်စီတပ်ခလရ ၁၃၈ တပ်ဖွဲ့က ယမန်နေ့ည ၈ နာရီခွဲအချိန်တွင် ရမ်းသမ်း ပစ်သတ်ခဲ့ကြောင်းသတင်းရရှိသည်။

        ဖြစ်စဉ် နှင့် ပတ်သက်ပြီး ဒေသခံတစ်ဦး က7stars News ကို ယခုကဲ့သို့ ပြောဆိုသည်။
"မနေ့ည ၈ နာရီလောက်မှာ ဖတ်မာရွာ နဲ့ လုံရှာယာန်ကျေးရွာ ကြားမှာ KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ကြတယ်။
နာရီဝက်လောက်ကြာ နှစ်ဖက်ပစ်ခတ်တဲ့ အသံကြားတယ်။ အဲ့ဒီနောက် တစ်ဖက်ကပဲ ပစ်နေတော့တာ။ ရွာက လူတွေလည်းထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့ ထဲမှာခု အသက်ဆုံးရှုံးသွားတဲ့ လင်မယားက ဆိုင်ကယ်နဲ့ လမ်းမအတိုင်းပြေးတာလေ။စစ်ကောင်စီတပ်ကတော့ ရမ်းသမ်းပြီးပစ်သတ်လိုက်တာပဲ။” ဟု ဆိုသည်။
    ယမန်နေ့ည ၈ နာရီအချိန်တွင် လုံရှာယာန်နှင့် ဖတ်မာ ရွာကြား၌ KIA နှင့် PDF တို့ ပူးပေါင်းပြီး စစ်ကောင်စီ စစ်ကြောင်းကို ချုံခို တိုက်ခိုက်မှု ပြုခဲ့ရာ စစ်ကောင်စီတပ်တို့ အထိနာမှု ရှိပြီး ကျေးရွာထဲသို့ လက်နက်များ ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

        စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့်သေဆုံးသွားသော လင်မယားမှာ ကိုအားခီဇီ(၂၀) နှစ် နှင့် မအားတာ (၂၀) နှစ် တို့ဖြစ်ပြီးထိမ်းမြားလက်ထပ်ထားသည်မှာ ၂ လ မျှသာရှိသေးသော ကြင်စလင်မယားဖြစ်ကြောင်း
သိရသည်။

The 7Stars News

Post a Comment

0 Comments