ကွတ်ခိုင်ဗျူဟာမှရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၃ လုံးပျက်စီးပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

 ကွတ်ခိုင်ဗျူဟာမှရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၃ လုံးပျက်စီးပြီး ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ

        ကွတ်ခိုင်မြို့ ဗျူဟာမှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းရရှိသည်။

        ပျက်စီးသွားသော နေအိမ်များမှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၁ မှ နေအိမ် ၃ လုံး ဖြစ်ပြီး တိုင်းရင်းဆေးကျောင်း အဆောက်အဦး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ဒေသခံတစ်ဦးက ဖြစ်စဉ်နှင့် ပတ်သက်ပြီး ​7stars News ကို ယခုကဲ့သို့ ပြောဆိုသည်။

" ၈ နာရီကျော်လောက်မှာ ပြည်ထောင်စု လမ်းမ အရှေ့ခြမ်းဘက်က လက်နက်ကြီးပစ်သံတွေကြားတယ်။ ကွတ်ခိုင်ဗျူဟာထဲ အဲ့ဒီလက်နက်ကြီးတွေကျကွဲသံလည်းကြားတယ်။ ဆယ့်ငါးမိနစ်လောက်နေတော့ကွတ်ခိုင်ဗျူဟာထဲက လက်နက်ကြီး လက်နက်ငယ် သံတွေ တရစပ်ထွက်လာတယ်။ တောဘက်က ပစ်သံတွေတော့ မကြားတော့ပေမဲ့ ဗျူဟာထဲက တော့၉ နာရီခွဲလောက်အထိ ပစ်နေတုန်းပဲ။ လက်နက်သံတွေစဲ သွားမှ သိရတာရပ်ကွက် ၁ ဘက်က နေအိမ် ၃ လုံးမှာလက်နက်ကြီးကျည်ကျကွဲတယ် လို့သိရတာ။ ပြည်သူတစ်ဦးကတော့ ခြေထောက်မှာလက်နက်ကြီးကျည်စ ထိမှန်တယ် လို့ပြောတယ်။” ဟု ဆိုသည်။
        ပြည်သူ့နေအိမ်များကို ထိခိုက်ပျက်စီးစေခဲ့သောကျည်များမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော ကျည်များ ဖြစ်ကြောင်း ပြည်သူ တစ်ဦးကလည်းယခုကဲ့သို့ အတည်ပြု ပြောဆိုသည်။

"တောဘက်က ပစ်ခတ်သံတွေ ငြိမ်သွားမှ ကွတ်ခိုင်ဗျူဟာကနေ ပြန်ပြီး ပစ်ခတ်တာလေ။ အဲ့ဒီမတိုင်ခင် ပြည်သူတွေနေတဲ့ဘက်လက်နက်ကြီးကျည် ကျကွဲတာ မရှိဘူး။ကျွန်တော်တို့ လက်နက်ကြီးကျည်ခွံကို သွားကြည့်တယ်။ ယခင် ၂၀၁၉ တုန်းက မော်ဟစ်ကျေးရွာမှာ ကျကွဲခဲ့တဲ့ ကျည်နဲ့ တစ်ပုံစံတည်းပဲ။ ဒါကို ကြည့်တာနဲ့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တဲ့ ကျည်လို့ တပ်အပ်ပြောလို့ရတယ်။ သူတို့က တောကလူတွေကိုမလုပ်နိုင်တော့ ပြည်သူတွေဘက် မြှားဦးလှည့်ရမ်းသမ်းပစ်တော့ တာပဲ။” ဟု ဆိုသည်။

        စစ်ကောင်စီမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် ပြည်သူအား ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးတွင် ကုသပေးလျက်ရှိကြောင်းကို လည်းသိရသည်။ယနေ့ နံနက်တွင် KIA ဘက်မှ ကွတ်ခိုင်ဗျူဟာထဲသို့ ၁၀၇ မမ ဒုံး ၄ လုံးပစ်ခတ်ခဲ့ကာ ပစ်မှတ်ထိရောက်မှုအတည်ပြုပြီး ဆုတ်ခွာခဲ့သည်ဟုဆိုသည်။


The 7Stars News

Post a Comment

0 Comments