ရှိန်ဂတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အယောက် ၂၀ ​ကျော်မျှကျဆုံး

 ရှိန်ဂတ်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အယောက် ၂၀ ​ကျော်မျှကျဆုံး။

        ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာအထက်ရှိန်ဂတ်တောင်တွင် အခြေချထားသော စစ်ကောင်စီတပ်စခန်းကို KIA နှင့် PDF တို့ ပူးပေါင်းပြီး ယနေ့ညနေခင်း ၅ နာရီအချိန်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ နာရီကြာမျှအပြန်အ လှန် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။

        တိုက်ပွဲ နှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက7stars News ကို ယခုကဲ့သို့ ပြောသည်။

"ညနေ ၅ နာရီလောက်ကတည်းက တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးသံရော လက်နက်ငယ် သံတွေရော ဆက်တိုက်ကြားနေရတယ်။၇ နာရီလောက် ရောက်တော့ အသံတွေ ငြိမ်သွားတယ်။ အသံတွေ နားထောင်ကြည့်တော့ အရင်ရက်တွေထက် တိုက်ပွဲပြင်းတယ်။” ဟု ဆိုသည်။

        ယနေ့ည တိုက်ပွဲတွင် စစ်ကောင်စီဘက်မှအရာရှိ တစ်ဦးအပါအဝင် စစ်သား ၂၀ ကျော်မျှ ထိခိုက်ကျဆုံးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံမှ သိရသည်။

        ရှိန်ဂတ်တောင် စစ်ကောင်စီ တပ်စခန်းကိုKIA နှင့် PDF တို့ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ ၃ ရက် ရှိပြီ ဖြစ်ပြီး စစ်ကောင်စီဘက်မှ အရာရှိ ၃ ဦးနှင့် စစ်သား ၃၀ ကျော်မျှ ကျဆုံးမှုရှိနေပြီ ဖြစ်သည်။


The 7Stars News

Post a Comment

0 Comments