မုံးပေါ် ဝိန်းဆိုင်အနီးတွင် MNDAA နှင့် စစ်ကောင် စီတပ်တို့ တိုက်ပွဲဖြစ်

 မုံးပေါ် ဝိန်းဆိုင်အနီးတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်

        ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မုံးပေါ်အုပ်စု ဝိန်းဆိုင်အနီး ဘန်ကန်းတောင်တွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ ယနေ့မွန်းလွဲပိုင်း ၁၂:၄၅ နာရီအချိန်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီတပ်တို့ အင်အားအလုံးအရင်းဖြင့် MNDAA တပ်စခန်း အနီးသို့ချဉ်းကာလာရာမှ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုသတင်းကိုမူ အတည်ပြု နိုင်ခြင်းမရှိသေးပေ။

        ယမန်နေ့တွင်လည်း မုံးပေါ်ဒေသတွင် KIA တပ်ရင်း ၃၆ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှု ရှိခဲ့သည်။

Post a Comment

0 Comments