နိုင်ငံကျော် စီစီဝမ် (ရွှေကျင်ဝမ်) တောင်တွင် KIA နှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ် အထိနာ

 နိုင်ငံကျော် စီစီဝမ် (ရွှေကျင်ဝမ်) တောင်တွင် KIAနှင့် စစ်ကောင်စီ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်အထိနာ


        ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ဒေသ စီစီဝမ်တာပန် တောင်တွင် အသင့်အနေအထားဖြင့်နေရာယူထားသော KIA တို့၏ ပစ်ကွင်းသို့ ချဉ်းနင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့တို့အား KIA တို့ ပြင်းပြင်းထန်ထန်ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        စခက (၇) လက်အောက် ခလရ (၃၃၂) တပ်ဖွဲ့တို့က အင်အား တစ်ရာကျော်ဖြင့် မုံးပေါ်ဒေသသို့ စစ်ရေးလှုပ်ရှားလာခြင်းဖြစ်ရာ ယနေ့နံနက်တွင် KIA နှင့် ထိပ်တိုက်ရင်ဆိုင်တိုးမိရာမှ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု မည်၍မည်မျှရှိသည်ကိုမူ အသေးစိတ်မသိရသေးသော်လည်း KIA တို့၏ ပစ်ကွင်းသို့ တန်းတန်းမတ်မတ် တိုးဝင်လာသော စစ်ကောင်စီတပ်တို့ ထိခိုက်ကျဆုံးမှု များပြားခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။

        ယခု တိုက်ပွဲဖြစ်ပွားရာ စီစီဝမ် (ရွှေကျင်ဝမ်) တောင်သည် ယခင် ဗကဗ နှင့် မြန်မာ့တပ်မတော် တို့ နှစ်လကျော်ကြာမျှ ပြင်းပြင်းထန်ထန် တိုက်ပွဲဆင်နွှဲခဲ့ရာ နာမည်ကျော်ကြားလှသည့် တောင်ဖြစ်သည်။

The 7Stars News

Post a Comment

0 Comments