KIA ရင်း (၂၇)တပ်ဖွဲ့နှင့် စကစတပ်တို့ ပြင်းထန်တိုက်ပွဲဖြစ်၊ စကစတပ် ဆုတ်ခွာထွက်ပြေးခဲ့ရ။

 KIA ရင်း (၂၇)တပ်ဖွဲ့နှင့် စကစတပ်တို့ ပြင်းထန်တိုက်ပွဲဖြစ်၊ စကစတပ် ဆုတ်ခွာထွက်ပြေးခဲ့ရ။

        ကချင်ပြည်နယ်၊ ကေအိုင်အေ အမှတ် (၃) တပ်မဟာ အမှတ် (၂၇) တပ်ရင်းထိန်းချူပ်နယ်မြေ ဗမော်ခရိုင်၊ မံစီမြို့နယ် ကထန်ကောင် (Kahtan Kawng) ကျေးရွာနဲ့ ကိုင်ထိပ် (Kai Htik) ကျေးရွာအကြား ဇော်ဘုံအူဒဘွမ် (Zau Bung Uda Bum) ကျေးရွာမှာ ဇန်နဝါရီလ (၂၅) ရက်ညနေ (၂း၀၀) ခန့်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသတင်း ရရှိသည်။

        ပလောင်တိန်ဆာ (Balawng Dingsa) ရွာတွင်ရောက်ရှိနေသည့် စစ်ကောင်စီတပ် ခလရ (၂၂၃) အင်အား (၁၀၀) ဝန်းကျင်ပါဝင်တဲ့ တပ်ဖွဲ့များက ထန်ကောင် (Kahtan Kawng) ကျေးရွာမှ ကိုင်ထိပ် (Kai Htik) ကျေးရွာဘက်သို့ စစ်ရေးရည်မှန်ချက်ဖြင့် ဘက်ဟိုးများအသုံးပြုကာ လမ်းဖောက်လုပ် နယ်ချဲ့တိုးဝင်လာရာဇော်ဘုံကျေးရွာအရောက်တွင် ကေအိုင်အေ တပ်ရင်း ၂၇ တပ်ဖွဲ့ မှ စောင့်ကြိုတိုက်ခိုက်သဖြင့် ၃နာရီကြာပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

        ကေအိုင်အေ တပ်ရင်း ၂၇ စစ်သည်တို့၏ ပြင်းပြင်း ထန်ထန်တိုက်ခိုက်မှုကြောင့် စကစ တပ်တို့ဆုတ်ခွာသွားရပြီး ယနေ့ဇန်နဝါရီလ (၂၆) ရက်နေ့ နံနက် (၁၀း၀၀) ခန့်အချိန်ကစပြီး ယခင်နေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာကိုပစ်မှတ်ထားကာ လက်နက်ကြီးများ ပစ်ခတ်နေတဲ့အတွက် တိုက်ပွဲပြန်လည် ပြင်းထန်လာမှာကို ဒေသခံများ စိုးရိမ်နေကြ ကြောင်းသတင်းရရှိသည်။


Photo : Internet (File Photo)
The 7Stars News


Post a Comment

0 Comments