မြန်မာဘီယာ နှင့် စစ်ကောင်စီထုတ် ပစ္စည်းများ ရောင်းချခြင်းကို KIA မှအရေးယူရှင်းလင်း

 မြန်မာဘီယာ နှင့် စစ်ကောင်စီထုတ် ပစ္စည်းများရောင်းချခြင်းကို KIA မှအရေးယူ ရှင်းလင်း

        မြစ်ကြီးနားမြို့ အင်ဂျန်တုံရပ်ကွက်အတွင်းစစ်ကောင်စီထုတ် တားမြစ်ကုန်စည်များရောင်းချနေသော ဆိုင်မျာကို KIA တပ်ရင်း ၁၁ တပ်ဖွဲ့က ယမန်နေ့ညတွင် ဝင်ရောက်ရှင်းလင်းမှုပြု ခဲ့ကြောင်း သတင်းရရှိသည်။မြန်မာဘီယာ နှင့် အခြားသော စစ်ကောင်စီထုတ်ကုန်များအား ဆက်လျက်ရောင်းချမှုများ မပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဆိုသည်။

"ဆိုင်ကြီးတွေအတော်များများကတော့ KIAစာထုတ်ပြန်ပြီးတဲ့နောက် ရောင်းချတာတွေမလုပ်တော့ဘူး။ အချို့ ဆိုင်လေးတွေမှာ ဆက်ပြီးရောင်းနေတာကြောင့် KIA က စာထုတ်ပြန်ထားတဲ့အတိုင်း အခုလိုဝင်ရောက် ရှင်းလင်းတာလို့ မြင်တယ်။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

        ပူတာအို သို့ စစ်ကောင်စီထုတ်ကုန်များသယ်ဆောင်သော ယာဉ်များကိုလည်း KIA မှ ပြင်းပြင်းထန်ထန်အရေးယူမှုများကို လုပ်ဆောင်လျက်ရှိကြောင်းကိုသိရသည်။

        မြစ်ကြီးနားခရိုင် ကေအိုင်အို အုပ်ချုပ်ရေးရုံးက လွန်ခဲ့သော ဇန်နဝါရီလ ၄ ရက်နေ့တွင်မြန်မာဘီယာ၊ ဒဂုံဘီယာ၊ ABC နှင့် အခြားစစ်ကောင်စီထုတ် ကုန်စည်များကို သယ်ယူပို့ရောင် ရောင်းချခြင်းမပြုရန် သတိပေးထုတ်ပြန်ထားသည်။

The 7Stars News

Post a Comment

0 Comments