KIA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲပြင်းထန်နေ

 KIA နှင့် စစ်ကောင်စီ တို့ တိုက်ပွဲပြင်းထန်နေ

        ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ပြည်ထောင်စုလမ်းမ အရှေ့ခြမ်းရှိ ဖွန်ပြန်ယာန်တောင် တွင် KIA နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်ပိုင်း ၁၀ နာရီခွဲအချိန်မှ စပြီး ယခုသတင်းရေးသားနေချိန်ထိတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

        စစ်ကောင်စီတပ်မှ စစ်ကြောင်း ၂ ကြောင်းဖြင့်KIA တပ်ရင်း ၃၆ နယ်မြေသို့ ထိုးစစ်ဆင်စစ်ချီလာရာ လမ်းခုလပ်တွင် KIA တို့ ဖြတ်တိုက်ရာမှ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        အဆိုပါ စစ်ကောင်စီ စစ်ကြောင်း နှင့် KIA တို့ အပြန်အလှန် ခြေင်းမြောင်းတိုက်ခိုက် နေသည်မှာ ၃ ရက်ရှိပြီ ဖြစ်ပြီး ယနေ့ နံနက်တွင် KIA တို့ အသင့်စောင့်ကြိုနေသော ပစ်ကွင်းသို့ စစ်ကောက်စီတပ်တို့ တန်းတန်းမတ်မတ်တိုးဝင်လာခြင်းဖြစ်သည်။တိုက်ပွဲ အတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု သတင်းကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

        KIA တပ်မဟာ ၆ ထိန်းချူပ်ဒေသ အတွင်း ဒီဇင် ဘာ ၃၀ ရက်နေ့မှ ဇန်နဝါရီ ၅ ရက်နေ့အထိ၊ ထိတွေ့တိုက်ပွဲ ၆ ကြိမ်ထက်မနဲ ဖြစ်ပွားခဲ့ပြီး KIA ဘက်မှ ၁ ဦး ကျဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့သည်။

The 7Stars News

Post a Comment

0 Comments