စစ်ကားအစီး ၄၀ကျော်ပါ အကြမ်းဖက်စစ်ယဥ်တန်းအား KIA နှင့် PDF တို့ နှစ်ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်။

 စစ်ကားအစီး ၄၀ကျော်ပါ အကြမ်းဖက်စစ်ယဥ်တန်းအား KIA နှင့် PDF တို့ နှစ်ကြိမ်တိုင်ပစ်ခတ်တိုက်ခိုက်။


        အကြမ်းဖက်စစ်ကောင်စီ၏ ကားအစီး ၄၀ကျော်ပါ ယာဥ်တန်းအား ကချင်လွှတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့မှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းတော် နှင့် နဘားအကြားတွင် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။

        အဆိုပါယာဥ်တန်းမှာ လောင်စာဆီသယ်ယာဥ်များနှင့် စစ်အင်အား၊ခဲယမ်းရိက္ခာများသယ်ဆောင်လာသောစစ်ကားများပါဝင်သည့်ယာဥ်တန်းဖြစ်ကြောင်းသိရပြီး နံနက် ၅း၁၀မိနစ် အချိန်ခန့် အင်းတော်မြို့အထက်အရောက်တွင် ကသာခရိုင်ပြည်သူ့ကာကွယ်ရေး(PDF) တပ်ဖွဲ့မှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

        ၎င်းနောက် နံနက် ၇နာရီအချိန် နဘား နှင့် ပင်းတင်ရွာကြားအရောက်တွင် ကချင်လွှတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၃၅ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တို့မှ ထပ်မံပစ်ခိုက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

        7stars Newsမှ တိုက်ပွဲဖြစ်စဥ်အသေးစိတ်အချက်အလက်များရယူနိုင်ရန်ကြိုးစားဆက်သွယ်ပါသော်လည်း ဆက်သွယ်ရေးလိုင်းအခြေအနေကြောင့် ဆက်သွယ်မရသေးပေ။အဆိုပါစစ်ယာဥ်တန်းမှာ နံနက် ၈း၄၀ အချိန်ခန့်တွင် ကချင်ပြည်နယ်၊ နန့်စီးအောင်သို့ရောက်ရှိလာပြီဖြစ်ပြီး ကားအစီး ၃၅စီးသာ ပါရှိတော့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရပါသည်။


Map : Google Earth
The 7Stars News

Post a Comment

0 Comments